ယူနိုက်တက်၏ 2025/26 ရာသီ အိမ်ကွင်းဂျာစီ ဒီဇိုင်းများ ကြိုတင်ပြင်ဆင်မှုအရ ဂျာစီ၏ လက်နေရာတွင် မင်နှိပ်ဒီဇိုင်း သိုမဟုတ် ပန်းခက်ပွင့်ခက်များ ပါဝင်လာဖွယ်ရှိနေသည်။
Adidas ကပင် ဆက်လက်ထုတ်လုပ်ပေးသွားမည်ဖြစ်ပြီး အနီရောင်နှင့် အရောင်တွဲစပ်မှု အသေးစိတ်ကိုတော့ မသိရသေးပါ။
ယခင် ဒီဇိုင်းများနှင့်လုံးဝ ခြားနားသော ပွင့်ခက်ဒီဇိုင်းများ လက်နေရာမှာ ပါလာမည်ကိုတော့ Footyheadline မှ သိရှိထားသည်။
ယူနိုက်တက်သည် လက်မောင်းနေရာတွင် Pattern များမပါဘဲ နှစ်ပေါင်းများစွာ ဝတ်ဆင်ခဲ့သည်။ ဂျာစီ ရှေ့ခြမ်းတွင်သာ အနုအယွများ ထည့်သွင်းခဲ့သော်လည်း လက်နေရာကို ‘ပလိန်း’ ထားခဲ့တာ များသည်။
ယခုလို Pattern များ ထည့်သွင်း ချုပ်လုပ်လာပါက အဲရစ်ကန်တိုနာ တို ခေတ်က 1996-98 တလွှား၏ အငွေ့အသက်ကို ပြန်လည်ရရှိစေမည်ဖြစ်သည်။
via Footyheadlines
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





