ယူနိုက်တက်၏ နောက်ရာသီအစီအစဥ်များ
ယူနိုက်တက်အသင်းသည် လာမည့် နောက်ထပ်ရာသီသစ်တွင် ကွင်းလယ်လူတစ်ဦး၊ နောက်ခံလူတစ်ဦးနှင့် တောင်ပံကစားသမား တစ်ဦး အနည်းဆုံးခေါ်ယူသွားဖို့ လျာထားသည်။
တောင်ပံအတွင် ရည်ရွယ်ထားသော ကစားသမားမှာ Eze ဖြစ်သည်။ Jarrad Branthwaite ကိုလည်း လာမည့်ရာသီ တွင် ဆက်လက် ကြိုးပမ်းသွားမည်ဖြစ်သည်။
Lindelof မှာ January ကျော်သည်အထိ အသင်းတွင်ဆက်လက်ရှိနေမည်ဆိုပါက ရာသီကုန်လျှင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာမည်ဖြစ်သည်။
Jonny Evans အတွက်တော့ ကစားသမားဘဝ နောက်ဆုံးရာသီ ဖြစ်လာနိုင်သည်။
via Samuelluckhurst
Subscribe





