အဲရစ်တန်ဟက်က Ugarte ကြံ့ခိုင်မှုပြည့်ဝဖို့ လနဲ့ချီပြီး အချိန်ယူရနိုင်သည်ဟု ပြောကြားခဲ့သော်လည်း Ugarte သည် ယနေ့မနက် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ပွဲထွက်ကစားသမားအဖြစ် ၇၉ မိနစ်အထိ ကစားခဲ့သည်ကို တွေ့ရသည်။
ပါရာဂွေးအသင်းနှင့် ဂိုးမရှိသရေကျခဲ့သော ယနေ့ပွဲတွင် ဂိုးမပေးရအောင် အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ပြီး Ugarte အတွက် ယခုရာသီ ပထမဆုံး ပွဲကစားခွင့်ရရှိသော မိနစ်များလည်း ဖြစ်လာခဲ့သည်။
၇၉ မိနစ်အတွင်း Ugarte ၏ စွမ်းဆောင်ချက်များ ကို အောက်ပါအတိုင်း တွေ့ရသည်။
အောင်မြင်သော ပေးပို့မှု 87%
Long Ball 12 ကြိမ်တွင် 8 ကြိမ် တိကျ
Tackles 5 ကြိမ်တွင် 2 ကြိမ်တိကျ
Ball Recoveries 6 ကြိမ်
ဘောလုံးဖျက်ထုတ်မှု 4 ကြိမ်
ကြားဖြတ်လုယူမှု 1 ကြိမ်
ဘောလုံးယှဥ်လုမှု 16 ကြိမ်တွင် 12 ကြိမ်အောင်မြင်
အခွင့်အရေးဖန်တီးမှု တစ်ကြိမ်





