သတင်းထောက် အမေး-
“မင်းရဲ့ အခင်ဆုံးသူငယ်ချင်းတွေထဲက တစ်ယောက်က မန်ချက်စတာယူနိုက်တက်မှာ ကစားနေတဲ့ Zirkzee ဖြစ်တယ်လို သိရတယ်နော်။ ဟိုတလောကပဲ သူနဲ့ U.S. မှာ အတူအပန်းဖြေခဲ့ကြတဲ့ပုံတွေ တွေ့ရတယ်။ ယူနိုက်တက် ပရိသတ်တစ်ဦးက ‘ယူနိုက်တက်ကို Musiala ပြောင်းလာအောင် ကူပြောပေးပါလား’လို ပြောတုန်းကတောင် Zirkzee က ‘ပြောပေးမှာပေါ့’ လို ပြန်ဖြေသွားတယ်လေ။”
Musiala အဖြေ –
“သူငယ်ချင်း အချင်းချင်းတော့ ငါတို တစ်သင်းတည်း အတူကစားရအောင်ကွာ ဆိုပြီး ခင်ဗျားတို ပြောသလို ရယ်စရာအနေနဲ့တော့ ပြောဖူးကြမှာပါပဲ။ ဒါပေမယ့် အဲ့ဒီရယ်စရာက နှစ်မျိုးဖြစ်နိုင်တယ်လေ။ Zirkzee က ဘိုင်ယန်ကို ပြန်ပြောင်းလာတာလည်း ဖြစ်နိုင်တာပဲမဟုတ်လား။ ကျွန်တော်ကလည်း Josh (Zirkzee) ကို ဘိုင်ယန်ကို လာကွာ၊ အတူကစားကြမယ် လို ပြောနေကျ ဗျ။ အပျော်သဘောနဲ့ပေါ့ဗျာ။ အတည်ကြီးတွေ မမှတ်ကြနဲ့ဦး။”
via iMiaSanMia
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





