ခြေချောင်းရိုးဒဏ်ရာကြောင့် အနားယူနေရသော ယူနိုက်တက်နောက်ခံလူ ယိုရိုသည် ဒဏ်ရာအခြေနေ တိုးတက်ကောင်းမွန်သောကြောင့် ခြေထောက်အကာအကွယ်များနှင့် ချိုင်းထောက်များ မပါဘဲ လမ်းလျှောက်နိုင်ပြီဖြစ်သည်။
ဖူလ်ဟမ်နှင့်ပွဲတွင် ယိုရိုက ချိုင်းထောက်များ အသုံးပြုကာ လာရောက်ကြည့်ရှူခဲ့သည်။ ယခု အကူကိရိယာများမလိုအပ်တော့ဘဲ ကာရင်တန်ရှိ Gym တွင် ယူနိုက်တက် Physio Team နှင့်အတူ ပြန်လည် ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ စတင်လုပ်ဆောင်လျက်ရှိသည်။ ယိုရိုသည် မူလ ခန့်မှန်းထားသည့်အတိုင်း နိုဝင်ဘာလတွင် ပြန်ကစားနိုင်ဖွယ်ရှိသည်။
via StevenRailston
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





