Posts by month
November 2024
67 posts
နောက်ခံလူ Leny Yoro သည် ပွဲကစားရန် ကြံ့ခိုင်မှု ပြည့်ဝနေပြီဖြစ်ပြီး အစ်ဆွစ်နှင့်ပွဲတွင် ပထမဆုံး ပွဲကစားခွင့် မိနစ်များ ရရှိလာနိူင်
နောက်ခံလူ Leny Yoro သည် ပွဲကစားရန် ကြံ့ခိုင်မှု ပြည့်ဝနေပြီဖြစ်ပြီး အစ်ဆွစ်နှင့်ပွဲတွင် ပထမဆုံး ပွဲကစားခွင့် မိနစ်များ ရရှိလာနိူင်သည်။ ယခင်အစီစဥ်အရ အင်္ဂါညတွင် ကစားခဲ့သည့် Altrincham နှင့်ပွဲတွင် ယူနိုက်တက် U21 အသင်းလူစာရင်းထဲ Yoro ကို ထည့်သွင်းကစားရန် စီစဥ်ခဲ့သည်။ သိုရာတွင် အမ်မိုရင်နှင့် ပထမဆုံး လေ့ကျင့်ခန်း ဆင်းပြီးသည့်နောက်တွင် U21…
ယူနိုက်တက် တိုက်စစ်မှူး ဇာ့ခ်ဇီ က ဘော့စနီးယားနှင့် နယ်သာလန် ပွဲစဥ်တွင် No.10 နေရာမှ ပွဲထွက်ပါဝင်ကစားခဲ့
ယူနိုက်တက် တိုက်စစ်မှူး ဇာ့ခ်ဇီ က ဘော့စနီးယားနှင့် နယ်သာလန် ပွဲစဥ်တွင် No.10 နေရာမှ ပွဲထွက်ပါဝင်ကစားခဲ့သည်။ နယ်သာလန် နည်းပြ ရော်နယ်ကိုးမန်း က ပွဲမစခင်တွင် တိုက်စစ်မှူး ဘရော့ဘီနှင့် အတူတူပွဲထုတ်လိုသောကြောင့် ဇာ့ခ်ဇီ ကို No.10 ပိုခဲ့ပြီး ကောင်းမွန်သောပုံစံတစ်ခု ဖော်ထုတ်နိုင်မလား စူးစမ်းကြည့်ချင်ကြောင်း ဖြေကြားခဲ့သည်။ ကစားပုံအရမူ သိပ်အဆင်ပြေခဲ့ခြင်းမရှိဘဲ ဂိုးပေါက်ကန်ခွင့်ရသောအခါတွင်လည်း လွဲချော်ခဲ့ပြီး…
အဲရစ်တန်ဟာ့ဂ် လက်ထက်က ထက် ပိုမိုလျှော့ချထားသော ငွေကြေးပမာဏဖြင့် ကိုင်တွယ်သွားရမည်
ရူဘင်အမ်မိုရင်သည် ယူနိုက်တက်တွင် အဲရစ်တန်ဟာ့ဂ် လက်ထက်က ထက် ပိုမိုလျှော့ချထားသော ငွေကြေးပမာဏဖြင့် ကိုင်တွယ်သွားရမည်ဖြစ်သည်။ ကလပ်အသင်းအနေဖြင့် ကုန်ကျစရိတ်များပြီး အကျိုးလည်း မပြုခဲ့သော စျေးကြီး Transfer များနှင့် သံသရာလည်နေခြင်းကို ရှောင်ဖို ရည်ရွယ်ထားသည်။ ထိုကြောင့် အသင်း၏ အသုံးမချရသေးသော အလားအလာမြင့် ကစားသမားလေးများကို အများဆုံး ရှာဖွေဖော်ထုတ်ပြီး အသုံးချဖို ပြင်ဆင်ထားသည်။ ယူနိုက်တက် တာဝန်ရှိသူများက လက်ရှိ…
လူငယ်ကြယ်ပွင့် Geovany Quenda ကို လာမည့်နွေရာသီတွင် ခေါ်ယူနိုင်ရန် စောစီးစွာ ချဥ်းကပ်ထား
ယူနိုက်တက်သည် စပိုတင်းအသင်း၏ (17)နှစ်အရွယ် လူငယ်ကြယ်ပွင့် Geovany Quenda ကို လာမည့်နွေရာသီတွင် ခေါ်ယူနိုင်ရန် စောစီးစွာ ချဥ်းကပ်ထားသည်။ Quenda ၏ စာချုပ်ဖျက်သိမ်းကြေးမှာ ယူရို သန်း 100 ရှိနေသည်။ သိုသော် ယူနိုက်တက်က Quenda ကို ခေါ်ယူရန် အကောင်းဆုံး ဖြေရှင်းနိုင်မည့်နည်းလမ်းကို ရှာဖွေနေသည်။ အသင်းက ရူဘင်အမ်မိုရင် ရောက်ရှိမလာခင်ကတည်းက Quenda…
ယူနိုက်တက်နည်းပြသစ် ရူဘင်အမ်မိုရင်၏ OFFICIAL INTERVIEW (အပိုင်း – ၂)
“ကျွန်တော် ကာရင်တန်ကို လာတယ်။ အသင်းရဲ့ အမွေအနှစ်တွေကို ကြည့်တယ်။ အရာအားလုံးဟာ တခြားနေရာတွေနဲ့ ခြားနားပါတယ်။ ကျွန်တော်တိုရဲ့အသင်းမှာက အခိုက်အတန့်ကောင်းတွေ၊ ကံဆိုးမိုးမှောင်ကျမှုကနေ ပြန်ရုန်းထခဲ့တာတွေ၊ သမိုင်းအစဥ်လာတွေ စသဖြင့် ခမ်းနားမှုတွေကို တွေ့မြင်ရမှာပါ။ လေယာဉ်ပျက်ကျပြီးနောက်မှာတောင်ကျွန်တော်တိုဟာ ဥရောပ ချန်ပီယံဖြစ်ခဲ့တယ်။ ကစားသမားတွေအနေနဲ့ ယူနိုက်တက်ဆိုတာ ဒါမျိုးပါလား ဆိုတာကို ခံစားရမှာပါ။ ပရီးမီးယားလိဂ်ဖလား အကြာကြီး မရပေမယ့် အင်္ဂလန်ရဲ့…
ယူနိုက်တက်နည်းပြသစ် ရူဘင်အမ်မိုရင်၏ OFFICIAL INTERVIEW (အပိုင်း – ၁)
“ယူနိုက်တက်က ကျွန်တော့်ကို ဆက်သွယ်လာပြီး အိုမာဘယ်ရာဒါက အသင်းရဲ့ စီမံကိန်းတွေအကြောင်း ပြောပြခဲ့ပါတယ်…ကျွန်တော် စိတ်မလှုပ်ရှားဘဲ ဘယ်နေပါ့မလဲ။ တကယ့်ကို ဂုဏ်ယူရမယ့်ကိစ္စကြီးပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ဟာ ဒီလုပ်ငန်းစဥ်ကို စတင်ဖို ပထမဦးဆုံးရွေးချယ်ခံရသူ ဖြစ်လိုပါ။ တဆက်တည်းမှာပဲ ဒီတာဝန်ဟာ ကြီးမားပါတယ်။ ဒါပေမယ့် ဒီအသင်းအတွက် ကူညီပေးရမယ့် အရာတွေအပေါ် ဂုဏ်ယူပြီး စိတ်လှုပ်ရှားမိနေပါတယ်။ ပထမဆုံးအနေနဲ့ အသင်းနဲ့ ကျွန်တော်နဲ့ကြား…