ရူဘင်အမ်မိုရင်သည် ယူနိုက်တက်တွင် အဲရစ်တန်ဟာ့ဂ် လက်ထက်က ထက် ပိုမိုလျှော့ချထားသော ငွေကြေးပမာဏဖြင့် ကိုင်တွယ်သွားရမည်ဖြစ်သည်။
ကလပ်အသင်းအနေဖြင့် ကုန်ကျစရိတ်များပြီး အကျိုးလည်း မပြုခဲ့သော စျေးကြီး Transfer များနှင့် သံသရာလည်နေခြင်းကို ရှောင်ဖို ရည်ရွယ်ထားသည်။
ထိုကြောင့် အသင်း၏ အသုံးမချရသေးသော အလားအလာမြင့် ကစားသမားလေးများကို အများဆုံး ရှာဖွေဖော်ထုတ်ပြီး အသုံးချဖို ပြင်ဆင်ထားသည်။
ယူနိုက်တက် တာဝန်ရှိသူများက လက်ရှိ Squadသည် အမ်မိုရင်၏ လက်အောက်တွင် ပိုမိုကောင်းမွန်လာနိုင်သည်ဟု ယူဆထားသောကြောင့် Squad အထိုင်ကို ဖြိုဖျက်ပြောင်းလဲရန် အစီအစဉ်မရှိပါ။
ဥပမာအားဖြင့် Hojlund နှင့် Mason Mount တိုသည် အမ်မိုရင် လက်ထက်တွင် ပိုမိုတိုးတက်လာနိုင်သည်ဟု ယူနိုက်တက်က မျှော်လင့်နေသော ကစားသမားများထဲ အပါအဝင်ဖြစ်သည်။
ဇန်နဝါရီတွင်လည်း ယူနိုက်တက်က အပြောင်းရွှေ့ထဲ ထဲထဲဝင်ဝင် ပါဝင်မည် မဟုတ်ပေ။ ဒဏ်ရာရကစားသမားများ ရှိလာခြင်း၊ တချိုကစားသမားများ ထွက်ခွာခြင်းတိုကဲ့သို မဖြစ်မနေ အစားထိုးရမည့် အနေထားမျိုး ကြုံလာမှသာ ခေါ်ယူမှုများ လုပ်ဆောင်နိုင်သည်။
ယူနိုက်တက်က အသင်းရှိ ကစားသမားများသည် ပိုမိုကောင်းမွန်သော လေ့ကျင့်ပေးမှုများ၊ သင့်လျော်သော နည်းပြနှင့် Structure အသစ်တွင် ပံ့ပိုးမှုများ ကောင်းစွာ ရရှိပါက ယခင်ကထက် ပိုမိုမြင့်မားသော စွမ်းဆောင်ရည်ကို ပြသနိုင်လိမ့်မည်ဟု ယုံကြည်ထားသည်။
via TelegraphDucker
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





