နောက်ခံလူ Leny Yoro သည် ပွဲကစားရန် ကြံ့ခိုင်မှု ပြည့်ဝနေပြီဖြစ်ပြီး အစ်ဆွစ်နှင့်ပွဲတွင် ပထမဆုံး ပွဲကစားခွင့် မိနစ်များ ရရှိလာနိူင်သည်။
ယခင်အစီစဥ်အရ အင်္ဂါညတွင် ကစားခဲ့သည့် Altrincham နှင့်ပွဲတွင် ယူနိုက်တက် U21 အသင်းလူစာရင်းထဲ Yoro ကို ထည့်သွင်းကစားရန် စီစဥ်ခဲ့သည်။ သိုရာတွင် အမ်မိုရင်နှင့် ပထမဆုံး လေ့ကျင့်ခန်း ဆင်းပြီးသည့်နောက်တွင် U21 နှင့် ကစားရန် မလိုတော့ကြောင်း အသင်းမှ ဆုံးဖြတ်ခဲ့သည်။
အမ်မိုရင်က Back 3 ကစားကွက်၏ နောက်တန်းသုံးယောက်တန်းတွင် Yoro ကို ညာဘက်၊ Evans ကို အလယ်၊ Shaw ကို ဘယ်ဘက် သုံးကာ လေ့ကျင့်ခဲ့သည်။
အသင်းလူစာရင်းမှ (၇)ပတ်ကြာ ဝေးကွာနေသော Harry Maguireနှင့် ဒဏ်ရာကြောင့် နိုင်ငံအသင်းမှပြန်လာသော Lisandro တိုမှာ ပါဝင်နိုင်ရန် သေချာမှုမရှိပေ။
via Samuelluckhurst
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





