“ယူနိုက်တက်က ကျွန်တော့်ကို ဆက်သွယ်လာပြီး အိုမာဘယ်ရာဒါက အသင်းရဲ့ စီမံကိန်းတွေအကြောင်း ပြောပြခဲ့ပါတယ်…ကျွန်တော် စိတ်မလှုပ်ရှားဘဲ ဘယ်နေပါ့မလဲ။ တကယ့်ကို ဂုဏ်ယူရမယ့်ကိစ္စကြီးပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ဟာ ဒီလုပ်ငန်းစဥ်ကို စတင်ဖို ပထမဦးဆုံးရွေးချယ်ခံရသူ ဖြစ်လိုပါ။ တဆက်တည်းမှာပဲ ဒီတာဝန်ဟာ ကြီးမားပါတယ်။ ဒါပေမယ့် ဒီအသင်းအတွက် ကူညီပေးရမယ့် အရာတွေအပေါ် ဂုဏ်ယူပြီး စိတ်လှုပ်ရှားမိနေပါတယ်။
ပထမဆုံးအနေနဲ့ အသင်းနဲ့ ကျွန်တော်နဲ့ကြား ဆက်နွှယ်မှုတခုကို ခံစားမိပါတယ်။ ဒါများကွာ.. မန်ယူနိုက်တက်ကိုတော့ လူတိုင်းသိတာပဲလေ လို ပြောကြလိမ့်မယ်။ ကျွန်တော်ဆိုလိုတာက ဒီအသင်းရဲ့ လူပုဂ္ဂိုလ်တွေနဲ့ ကျွန်တော်နဲ့ကြား အတွဲအဖက်မိနေတယ်ပေါ့။ ဒီလို ခံစားမိပါတယ်။
နာမည်တွေကိုလည်း ထည့်ပြောရမှာပါ။ Sir Jim နောက်ပြီး Sir Dave.. အထူးသဖြင့် Omar, Dan နဲ့ Jason တိုပေါ့။ ကျွန်တော်တိုကြားမှာ တစိတ်တဝမ်းတည်း ဖြစ်နေတယ်လို အခိုင်အမာ ခံစားမိပါတယ်။
အသင်းက ကောင်းစွာ ကစားနိုင်ပြီး နိုင်ပွဲတွေရနေတဲ့အခါ အရာအားလုံး လှပလာပြီး လူတွေကလည်း ကွင်းသစ်အပေါ်၊ အတွေးအခေါ်သစ်တွေ အပေါ် ယုံကြည်လက်ခံစ ပြုလာပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော်တိုဟာ ဘောလုံးရဲ့ အင်ဂျင်ပါပဲ။ (မိမိတို ကစားပုံကောင်းနေမှ အရာအားလုံး ကောင်းစွာလည်ပတ်နိုင်မည်ဟု ဆိုလိုခြင်းဖြစ်။)
ကျွန်တော့်အမြင်အရဆို မန်ချက်စတာယူနိုက်တက်ဟာလည်း ပရီးမီးယားလိဂ်ရဲ့ အင်ဂျင်ပါပဲ။ ဒါကြောင့်လည်း ဒီလို ထူးခြားတဲ့ ကလပ်အသင်းကြီးမှာ ထူးခြားတဲ့အရာတွေ လုပ်ဆောင်ပြဖို ကျွန်တော် ရည်မှန်းထားတာပေါ့။
လတ်တလော ရေတိုရည်မှန်းချက်ကို ပြောရရင် ကျွန်တော့်အတွက် အရေးကြီးဆုံးကတော့ ခိုင်မာတဲ့ စည်းမျဥ်းစည်းကမ်းတွေ၊ Identity တွေနဲ့ Character (ကိုယ်ပိုင်စရိုက်လက္ခဏာ) တွေကို တည်ဆောက်ယူနိုင်ဖိုပါပဲ။
ကျွန်တော့်ရဲ့ ကစားသမားတွေ၊ ပရိသတ်တွေနဲ့အတူ အနိုင်ရရှိလိုပါတယ်။ ဒါပေမယ့် အဲ့ဒီ အနိုင်မှာ Identity နဲ့ Idea ပါဝင်နေရပါမယ်။ ဒါဟာ ကျွန်တော် အာရုံစူးစိုက်ထားတဲ့ အရာပါပဲ။
ဒီအသင်းမှာ ရှိတဲ့ သူတိုင်းက အသင်းအတွက် တစိတ်တဒေသ အနေနဲ့ စွမ်းဆောင်ရည်ကောင်းတွေ ပေးအပ်တာကို လိုချင်ပါတယ်။ ဒီလိုသာဆို ပျော်ရွှင်မှုနဲ့ လုပ်ဆောင်ရတဲ့ အလုပ် ဖြစ်လာမယ့်အပြင် ပိုလည်း လွယ်ကူလာမှာပါ။
ပထမဆုံးနေ့က စတင်ကာ ကျွန်တော်တို လုပ်ဆောင်ရမယ့် အရာဟာ Identity ပါပဲ။ ကိုယ်ပိုင်စရိုက်လက္ခဏာ ဆိုတာ ရှိကိုရှိရပါမယ်။ ကျွန်တော်တို ကစားတဲ့ Game Model ဟာ ကျွန်တော်တို အာရုံစိုက်ရမယ့်အရာပဲ။ ဘယ်လို Pressလုပ်မယ်၊ ဘယ်လို ပေးပိုမယ်၊ ဘယ်လိုဘယ်ပုံ ပြေးမယ်။ စသဖြင့်ပေါ့။ ကျွန်တော့်ရဲ့ ပထမဆုံး ဦးတည်လုပ်ဆောင်မယ့် အရာဟာ Identityပိုင်း ပါပဲ။
နောက်တချက်က Idea ပိုင်းပေါ့။ အားလုံးပဲ တွေ့မြင်လာရမှာပါ။ ကြိုက်တဲ့သူရှိမယ်၊ မကြိုက်တဲ့သူရှိမယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို သွားချင်နေပါတယ်ဆိုတဲ့ဘောလုံးပိုင်ဆိုင်မှုနဲ့ ကစားဟန်ကို မြင်လာရပါမယ်။
ကျွန်တော်သိပါတယ်။ ယူနိုက်တက်အသင်းအတွက် ကစားတဲ့အခါ တောင်းဆိုမှုတွေ မြင့်မားလေ့ရှိပါတယ်။ ဒီလို တောင်းဆိုမှုတွေအတိုင်း နိုင်နိုင်နင်းနင်း ကိုင်တွယ်ဖြေရှင်းသွားဖို ပြင်ဆင်ထားပါတယ်။”
via MUTV
ဆက်လက်ဖော်ပြပါမည်။
#Kendrix
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





