“ကျွန်တော် ကာရင်တန်ကို လာတယ်။ အသင်းရဲ့ အမွေအနှစ်တွေကို ကြည့်တယ်။ အရာအားလုံးဟာ တခြားနေရာတွေနဲ့ ခြားနားပါတယ်။ ကျွန်တော်တိုရဲ့အသင်းမှာက အခိုက်အတန့်ကောင်းတွေ၊ ကံဆိုးမိုးမှောင်ကျမှုကနေ ပြန်ရုန်းထခဲ့တာတွေ၊ သမိုင်းအစဥ်လာတွေ စသဖြင့် ခမ်းနားမှုတွေကို တွေ့မြင်ရမှာပါ။
လေယာဉ်ပျက်ကျပြီးနောက်မှာတောင်ကျွန်တော်တိုဟာ ဥရောပ ချန်ပီယံဖြစ်ခဲ့တယ်။ ကစားသမားတွေအနေနဲ့ ယူနိုက်တက်ဆိုတာ ဒါမျိုးပါလား ဆိုတာကို ခံစားရမှာပါ။ ပရီးမီးယားလိဂ်ဖလား အကြာကြီး မရပေမယ့် အင်္ဂလန်ရဲ့ အကြီးမားဆုံးအသင်း ဖြစ်နေတယ်ဆိုတာ မန်ချက်စတာယူနိုက်တက် ဖြစ်နေလိုပါ။ ဒါပေမယ့် နှစ်အတော်ကြာ အောင်မြင်မှုနဲ့ ဝေးကွာခဲ့ရင်တော့ ကျွန်တော်တိုအားလုံး နှမြောလွမ်းဆွတ်ရုံသာ ရှိမှာပါ။ ဒါကြောင့် ကျွန်တော်တို ဘာလုပ်ရမယ်ဆိုတာ ရှင်းလင်းနေဖို လိုပါတယ်။
ဘောလုံးနဲ့ ပတ်သက်ပြီး ကျွန်တော့်ရဲ့ အမြင်ကတော့ ‘အသင်းအဖွဲ’ ဆိုတဲ့ စကားလုံး လို ဆိုရပါမယ်။ အသင်း…. ဆိုတဲ့အတွက် အသင်းအဖွဲ အနေနဲ့ အလုပ်လုပ်ရမယ်။ အဲ့ဒီကနေ အရည်အသွေးပြည့်တဲ့ ကစားသမားတွေဟာ တောက်ပ လာမယ်။ အရေးကြီးတဲ့ အရာကို ပြောရရင်တော့ Character တွေပါပဲ။ ကျွန်တော်တို ကစားပုံတိုင်းမှာ ကိုယ်ပိုင် ဝိသေသ လက္ခဏာ ရှိနေရမယ်လေ။
လူတွေက 3-4-3 လား။ 4-3-3 လား စသဖြင့် အရမ်း မေးခွန်းထုတ်ကြတယ်။ ကျွန်တော့်အတွက်တော့ အသင်းအနေနဲ့ စဥ်းစားတွေးခေါ်တာမို Formation ချတယ်လို မသတ်မှတ်ဘဲ Character ဝင်အောင် ဖန်တီးလိုက်တယ်လိုပဲ ယူဆပါတယ်။
ကျွန်တော်ကိုယ်တိုင်က နေရာစုံ ကစားဖူးတဲ့သူပါ။ Right back, Left Back, Central defender, Midfielder, Winger, အကုန် ကစားဖူးပါတယ်။ ဂိုးမဖမ်းဖူးတာနဲ့ အထောင်တိုက်စစ် မဆော့ဖူးတာပဲရှိတာ။ အရံလည်း ထိုင်ဖူးတယ်ဗျာ။ ဒါကြောင့် အရံခုံအပါအဝင် ကွင်းထဲက နေရာစုံက ကစားသမားတွေရဲ့ ခံစားချက်ကို ကျွန်တော်သိပါတယ်။ ကစားသမားတိုင်းရဲ့ အမြင်၊ ပရိသတ်ရဲ့ ရှုထောင့် အရာတိုင်းကို ကျွန်တော်သိအောင် ကြိုးစားထားပါတယ်။
အချိန်အများကြီးလိုတယ်လို မပြောချင်ပါဘူး။ ဘာလိုလဲဆိုတော့ ငယ်ရွယ်တဲ့ အစုအဖွဲကို ပိုင်ဆိုင်ထားလိုပါ။ သူတိုဟာ ယူနိုက်တက်က တောင်းဆိုတဲ့ အရာတိုင်းအတွက် ရင်ဆိုင်ဖို အသင့်ဖြစ်နေတဲ့သူတွေပါ။ ပွဲစဥ်တွေနဲ့ အသားကျလာလေလေ၊ ပိုပြီး အံဝင်လာလေ ဖြစ်မှာပါ။ အရေးကြီးတာကတော့ ပထမဆုံး နေ့ကစပြီး အကြောက်အလန့်မရှိ ရင်ဆိုင်လိုက်ကြဖိုပါ။
ကစားသမားတွေနဲ့ ပတ်သက်လိုကတော့ ကျွန်တော်ဟာ သူတိုဘက်က ရပ်တည်မယ့်သူပါ။ ဘယ်သူ့ဘယ်သူနဲ့ ဘာတွေဖြစ်ပါစေ ကိုယ့်ရဲ့ ကစားသမားကို ကာကွယ်ပေးဖို ကြိုးစားသွားမှာပါ။
ပရိသတ်တွေကို ပေးချင်တဲ့ မက်ဆေ့ ကတော့ ကျွန်တော် ဒီမှာရှိရတာ ဝမ်းသာဂုဏ်ယူတယ်။ ဒီနေရာဟာ ကျွန်တော့်ရဲ့ တခုတည်းမှ တခုတည်းသော ရွေးချယ်မှု အမှန်စင်စစ် ဖြစ်တယ်။ ဒီအသင်း ဘယ်လောက်ခမ်းနားထည်ဝါတယ်ဆိုတာ အားလုံးသိတဲ့အတိုင်း ကျွန်တော်လည်း အနိုင်ရဖို အရာအားလုံး ထည့်ဝင်ကာ ကြိုးစားပါမယ်။ အောင်မြင်မှုတွေ ယူဆောင်ပေးနိုင်မယ်လိုလည်း ခြွင်းချက်မရှိ ယုံကြည်နေပါတယ်လို ပြောချင်ပါတယ်။”
via MUTV
#Kendrix
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





