ချစ်ရပါသောပရိသတ်များ..
ကျေးဇူးတင်ကြောင်း စတင်ပြောပါရစေ။ ကလပ်အသင်းအတွက် အမြဲတမ်းရှိနေခဲ့တဲ့အတွက် ကျေးဇူးတင်ရှိပါတယ်။အဝေးကွင်းပွဲများဖြစ်စေ၊ အိုးထရက်ဖိုဒ်မှာဖြစ်စေ မယိမ်းမယိုင် အားပေးမှုအပေါ် ကျေးဇူးတင်ပါတယ်။
အိုးထရက်ဖိုဒ်ကွင်းနဲ့တဝိုက်ဟာ ပရိသတ်တွေကြောင့် အမြဲတမ်း ခွန်အားပြည့်ဝနေတာကို မကြာခဏ ခံစားခဲ့ရပါတယ်။ အဝေးကွင်းပွဲစဉ်များမှာလည်း မိတ်ဆွေတိုရဲ့ အားပေးမှုကြောင့် ယူနိုက်တက်အသင်းနဲ့ ကျွန်တော့်အတွက် အံ့သြဖွယ်ခံစားမှုကို ဖြစ်ပေါ်စေခဲ့ပါတယ်။
အင်္ဂလန်မှာ ကစားတဲ့ပွဲ၊ ဥရောပပွဲသိုမဟုတ် နွေရာသီခရီးစဉ်များတွင် ကစားရသည့် ပွဲစဉ်များ၌ပင် ယူနိုက်တက်ပရိသတ်တွေရဲ့ အားပေးသံများက ပြိုင်ဘက်အသင်းကွင်းများကို လွှမ်းမိုးသွားခဲ့ပါတယ်။
ကမ္ဘာတစ်ဝန်းမှ ယူနိုက်တက်ပရိသတ်များနှင့် တွေ့ဆုံခြင်းကို ကျွန်တော် အမြဲတမ်း နှစ်သက်ခဲ့ပါတယ်။ အင်္ဂလန်၊ ဥရောပ၊ အာရှ၊ သြစတေးလျ၊ အမေရိကန်တိုရှိ လမ်းများပေါ်တွင် လျှောက်လှမ်းရင်း ပရိသတ်များစွာနှင့် စကားပြောဆိုနိုင်ခဲ့ပါတယ်။ အားပေးမှုများလည်း ရရှိခဲ့ပြီး စုစည်းညီညွတ်မှုတွေကို ခံစားခဲ့ရပါတယ်။
ကျွန်တော့်ကို ဒီလိုခံစားမှုကို ပေးခဲ့သည့်အတွက်နှင့် အားပေးထောက်ပံ့မှုများအတွက် ကျေးဇူးတင်ရှိပါတယ်။ အသင်း ဝန်ထမ်းများ၏ ကောင်းသောအချိန်၊ ဆိုးသောအချိန်တိုင်း ကျွန်တော့်ကို ထောက်ပံ့ကူညီပေးခဲ့သည့်အတွက်လည်း ကျေးဇူးတင်ရှိပါတယ်။
ကျွန်တော်တို ဖလားနှစ်လုံးကို ရရှိခဲ့ပါတယ်။ အဆိုပါအောင်မြင်မှုများဟာ ကျွန်တော့်ဘဝ၏ ကျန်ရှိသောအချိန်များအထိ တန်ဖိုးထားစရာဖြစ်နေမှာပါ။သိုသော်လည်း ဒီထက်ဖလားပိုမိုရရှိရန် ကျွန်တော့်အိပ်မက်ကတော့ အဆုံးသတ်သွားခဲ့ပါတယ်။
ယူနိူက်တက်ပရိသတ်များအားလုံး အောင်မြင်မှုများ၊ ဖလားများ စဥ်ဆက်မပြတ် ရရှိဖို ဆန္ဒပြုပါတယ်။ မိတ်ဆွေတိုရဲ့ အားပေးမှုနဲ့ အသင်းက လူပုဂ္ဂိုလ် အားလုံးထံမှ ရရှိသော နွေးထွေးသောအပြုံးများက ကျွန်တော့်အတွက် အိမ်မှာရှိနေရသလို ခံစားရစေပါတယ်။
ဒီလို အသင်းက ကျွန်တော့်ဘဝရဲ့အခန်းကဏ္ဍအတွက် ကျေးဇူးတင်ရှိပါတယ်။
အဲရစ်
via SEG Football
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





