“ရာသီတိုင်းမှာ အခက်ခဲဆုံးကတော့ ရာသီအစ အချိန်တွေပါပဲ။ ကစားသမားသစ်တွေ အထိုင်ကျဖို အချိန်ပေးရတယ်။ ကစားကွက် Rhythm မိဖို အချိန်ပေးရတယ်။ ဒါကြောင့် ရာသီအစ ဟာ နည်းပြတိုင်းအတွက် ခက်တယ်။
တပတ်မှာ ပြိုင်ဘက်တွေအကြောင်း ဘယ်နနာရီလောက် Video Analysis လုပ်လဲဆိုတော့ အဲ့ဒါ အတိအကျ မရှိပါဘူး။ ပြိုင်ဘက်အသင်းအပေါ် မူတည်တာပေါ့။ သူတိုအကြောင်း ဘယ်လောက်သိလဲ၊ နည်းပြအသစ်လား၊ ကစားသမားအသစ်လား စတဲ့ အချက်တွေအပေါ် မူတည်ပါတယ်။ ဥရောပ ပွဲတွေမှာဆို ပြိုင်ဘက်တွေအကြောင်း အများကြီး မသိထားဘူးလေ။ Philosophy တိတိကျကျ ရှိပြီးသား အသင်းတွေကတော့ ဘယ်အချိန်ဖြစ်ဖြစ် ဒီပုံစံပါပဲ။
သူတိုအကြောင်းကို စတင် လေ့လာရင် ပြင်ဆင်ချိန် ဘယ်လောက်ရမလဲဆိုတာ ကြည့်ရပါတယ်။ တစ်ပွဲနဲ့တစ်ပွဲကြား သုံးရက်ပဲ ခြားနေတယ်ဆိုရင်တော့ ကျွန်တော်တိုမှာ ပြင်ဆင်ချိန် အလုံအလောက် ဘယ်လိုမှ မရနိုင်ဘူးလေ။
ပွဲတွေနဲ့ လေ့ကျင့်ရေးအစီအစဥ်တွေ မရှိတဲ့အချိန်တွေဆို ကစားသမားတွေကို လွတ်လွတ်လပ်လပ် ပေးနေပါတယ်။ နေ့စဥ်လေ့ကျင့်ရတာတွေ၊ ပွဲစဥ်တွေ ကြားမှာ ဖိအားများတာကို ကျွန်တော်က နားလည်တယ်လေ။ သူတိုအားလပ်ချိန်ဆိုရင်တော့ ဘာပဲလုပ်လုပ် လွှတ်ထားပါတယ်။
ဒါပေမယ့်လည်း အားလပ်ချိန်ဆိုတာ အတော်ရှားတာ။ အခုတောင် သုံးလေးရက် ကို တစ်ပွဲကစားနေရတာလေ။ ရက်သတ္တပတ် တပတ်မှာ အင်အားပြည့် ပြန်လန်းဆန်းစေဖို အနားယူချိန် များများစားစား မရှိပါဘူး။ ဘောလုံးအကြောင်းပဲတွေးနေရတာ များပါတယ်။
ကျွန်တော်ဆိုရင် အသင်းက ကျွန်တော့်အပေါ် မျှော်လင့်ထားသလောက် လုပ်ပြနိုင်ဖို တာဝန်ရှိပါတယ်။ ပွဲစဥ်တိုင်းကို ကောင်းစွာပြင်ဆင်ဖို တာဝန်ရှိပါတယ်။ ဒါကြောင့် ခရစ္စမတ်အားလပ်ရက်မှာတောင် မိသားစုနဲ့ အချိန်ကုန်ဆုံးဖို ဆန္ဒမရှိပါဘူး။ အသင်းအတွက်ပဲ ပြင်ဆင်မှာပါ။ ဒါပေမယ့် ဘောလုံးအကြောင်းချည်း (၂၄)နာရီ (၇)ရက် ဘယ်သူက တွေးနိုင်မှာလဲ။ တခါတလေတော့လည်း မိသားစုကို အချိန်လေးဘာလေး ပြန်ပေးရမပေါ့။
ကျွန်တော်တစ်ဦးတည်း လုပ်ဆောင်နေတဲ့အလုပ်မဟုတ်ပါဘူး။ နေ့ရက်တိုင်းမှာ အားကစားဒါရိုက်တာ၊ နည်းစနစ်ဒါရိုက်တာ တွေနဲ့ စကားပြောပါတယ်။ လက်ထောက်နည်းပြတွေနဲ့လည်း အမြဲစကားပြောပါတယ်။ ဒါက ပူးပေါင်းလုပ်ဆောင်ရတာ၊ အဖွဲအစည်းနဲ့ လုပ်ကိုင်ရတာပါ။ ကစားပုံကအစ အားလုံးသဘောတူထားတဲ့ Game Plan ပါပဲ။ ကျွန်တော်ကတော့ နောက်ဆုံး ဆုံးဖြတ်ချက်ကို ချမှတ်သူပေါ့လေ။”
အဲရစ်တန်ဟက်
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





