“မိန်းနူး ဂါနာချိုနဲ့ ဆက်ဆံရေးက အရမ်းကောင်းပါတယ်။ သူတိုနှစ်ယောက်က အသင်းမှာ အခင်ဆုံး သူငယ်ချင်းတွေပါ။သူတိုနဲ့တွဲကစားနေရရင် ကလပ်အသင်းအတွက် ထူးထူးခြားခြား လုပ်ပြနိုင်မယ်လို ခံစားရပါတယ်။
အငှားထွက်ကစားခဲ့ရတာတွေ ကို ကျေနပ်ပျော်ရွှင်ပါတယ်။ အများကြီး သင်ယူလေ့လာခဲ့ရတယ်။ အဲ့ဒီအသင်းတွေမှာ ကစားရင်း ခွန်အားနဲ့ အရည်အသွေးတွေ တိုးတက်လာခဲ့တယ်လို ခံစားရပါတယ်။
နည်းပြက ကစားသမားတိုင်းကို အကူအညီ ပေးပါတယ်။ ပွဲမကစားရဘူးဆိုရင်တောင် လေ့ကျင့်ရေးကွင်းတွေမှာ သူက အကြံပေးပြီး စီစဥ်ညွှန်ကြားနေကျပါ။ ကွင်းထဲမှာ ကစားခွင့်ရချင်ရင် လေ့ကျင့်ရေးကွင်းမှာ ကောင်းကောင်း စွမ်းဆောင်ပြရမှာပဲလေ။
ကျွန်တော့်အတွက် အကောင်းဆုံးအခိုက်အတန့် နှစ်ခုရှိပါတယ်။ အေစီမီလန်ဘက်ကို သွင်းယူနိုင်တဲ့ ကျွန်တော့်ရဲ့ ယူနိုက်တက်အတွက် အဖွင့်ဂိုးနဲ့ လီဗာပူးဘက် နောက်ဆုံးမိနစ်အနိုင်ဂိုး တို ဖြစ်ပါတယ်။ လီဗာပူးနဲ့ ဂိုးကတော့ အမှတ်ရစရာ ပိုဖြစ်သလို ကျွန်တော့်ဘဝရဲ့ အကောင်းဆုံး သွင်းဂိုးလည်း ဖြစ်ပါတယ်။
ဒါပေါ့။ အဲ့ဒီနေ့က အနီကတ် ကလည်း ကျွန်တော့်အတွက် အကောင်းဆုံး အနီကတ်ပါပဲ။
အသင်းမှာ အမြန်ဆုံးကစားသမားက Rashy ပါ။ Hojlund ကလည်း မြန်ပါတယ်။ ပြီးရင်တော့ ကျွန်တော်ပေါ့။
အမြန်ဆုံးတွေကို အစဥ်လိုက် စဥ်ပြရရင်တော့ Rashy.. Rasmus.. Garna.. Antony.. ပြီးမှ ကျွန်တော်ပေါ့။
ယူနိုက်တက် ကို ပြောင်းရွှေ့ခွင့်ရတာဟာ ကျွန်တော့်ဘဝရဲ့ အကောင်းဆုံးနေ့တွေထဲက တစ်နေ့ပါ။ ကျွန်တော် အတွေ့အကြုံ တွေ ပိုများအောင်ကြိုးစားမယ်။ အသင်းနဲ့ အောင်မြင်မှုတွေ အများကြီး ယူချင်တယ်ဗျာ။
ကျွန်တော့်ရည်မှန်းချက် အိပ်မက်က ချန်ပီယံလိဂ်ပါ။ ပရီးမီးယားလိဂ်ရော။ ဖလားအားလုံးပါပဲ။ တစ်ခုတည်း ရွေး ဆိုရင်တော့ ချန်ပီယံလိဂ်ကိုရွေးရမှာပါ။”
အာမက်ဒီယာလို
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





