“အလွန်ခက်ခဲတဲ့ပွဲတစ်ပွဲ ဖြစ်လာမှာပါ။ စပါး နဲ့တွေ့တိုင်း ခက်ခဲတတ်ပေမယ့် ကျွန်တော်တို ကစားချင်တဲ့ပုံစံမျိုး ကစားနိုင်ခဲ့လေ့ရှိပါတယ်။ ဒီတပတ်ပွဲဟာ ရွေ့လျားမှုကောင်းကောင်းနဲ့ လျင်မြန်ပြီး ဆွဲဆောင်မှုရှိတဲ့ ပွဲတစ်ပွဲ ဖြစ်လာမယ်လို ထင်ပါတယ်။
ဒဏ်ရာလား။ အသစ် မရှိပါဘူး။ ကြံ့ခိုင်မှုပြည့်ဝနေတယ်လို ယုံကြည်တာကြောင့် မနေ့က (တွမ်တီးနဲ့ပွဲက) လူတွေနဲ့ပဲ ပြင်ဆင်လာမှာပါ။
ကျွန်တော်တိုအသင်းရဲ့ ပြဿနာက ဂိုးတွေကို လုံလောက်စွာ မသွင်းနိုင်တာပါ။ ကျွန်တော်တိုမှာ ဂိုးသွင်းနိုင်တဲ့ ကစားသမားတွေ ရှိတယ်ဗျာ။ ဒါပေမယ့် အခွင့်အရေးတွေ ရရှိနေသလောက် သွင်းဂိုးတွေက ပါမလာဘူး ဖြစ်နေတယ်။
ကျွန်တော်တိုမှာ မှန်ကန်တဲ့ Structure ရှိပါတယ်။ ပွဲအတော်များများ ဘောလုံးပိုင်ဆိုင်မှု အသာစီး ကစားလာနိုင်တာ တွေ့ကြမှာပါ။ အရေးကြီးတာက ဘောလုံးပ်ိင်ဆိုင်ထားချိန်မှာ ဘာလုပ်မှာလဲ ဆိုတာပါပဲ။ သူများ Box ထဲ ဘောလုံး မကြာခဏရောက်နေပါလျက် အခွင့်ရေးမယူနိုင်ခဲ့ဘူး (ဂိုးမရယူနိုင်ခဲ့ဘူး) ဆိုတာက ပြဿနာပါပဲ။
ပြိုင်ဘက်တိုင်းမှာ အားသာချက်၊ အားနည်းချက် ကိုယ်စီ ရှိပါတယ်။ တော့တင်ဟမ်က သိသာတဲ့ Philosophy ရှိတယ်။ ဒါပေမယ့် တိုက်စစ်အရမ်းဆင်တဲ့အတွက် Space တွေ ပြန် ပေးရလေ့ရှိတယ်။ ဒီလို အရာတွေကို အခွင့်အရေးအရယူပြီး သူတို အသင်းကို ရင်ဆိုင်ရမှာပါပဲ။
ကစားပုံမကောင်းတဲ့ အခါတွေဆိုတာတော့ ရှိတတ်ပါတယ်။ ခင်ဗျားက တစ်ရာသီ ပွဲ ၆၀ လောက် ကစားရမယ်ဆိုရင် ကစားပုံနဲ့ ပတ်သက်ပြီး မပျော်ရွှင်ရတဲ့ ပွဲတွေလည်း ရှိမှာပဲမဟုတ်လား။ ဒါပေမယ့် ကျွန်တော်တိုမှာ ရည်မှန်းချက်တွေ ရှိပါတယ်။ ပြိုင်ဘက်အသင်းထက် ပိုမိုပြင်းပြတဲ့ စိတ်နဲ့ ပွဲတွေကို ကစားသွားရမှာပါ။”
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





