အိုးထရက်ဖိုကွင်း ပြုပြင်မွမ်းမံရေး အတွက် ဖွဲစည်းထားသော ကော်မတီသည် ကွင်းကို လုံးဝတဖန် အသစ်တည်ဆောက်မလား၊ ပြုပြင်မှုသီးသန့်လုပ်မလား အပြီးသတ်ဆုံးဖြတ်ချက်ကို ယခုနှစ် ဒီဇင်ဘာလ 31 ရက်နေ့နောက်ဆုံးထားပြီး ဆုံးဖြတ်မည်ဖြစ်သည်။
ယခုတပတ် ကြာသပတေးနေ့တွင်လည်း အစည်းအဝေးသစ်တခု ကျင်းပပြီး အိုးထရက်ဖို ၏ အနာဂတ် အကြောင်း ဆွေးနွေးသွားမည်ဖြစ်သည်။
ယခုနှစ်ကုန် အတည်ပြုဆုံးဖြတ်ချက် ချမှတ်ပြီးသည်နှင့် တပြိုင်နက် စီမံကိန်းအတိုင်း ချက်ချင်း စတင်လုပ်ဆောင်ရန် ပြင်ဆင်ထားသည်။
Sir Jim Ratcliffe က ယူနိုက်တက်ကွင်းသစ်သည် အင်္ဂလန်ဂုဏ်ဆောင် ပြယုဂ်ဖြစ်လာမည်ဖြစ်သဖြင့် ကွင်းသစ်တည်ဆောက်ရေးအတွက် Public Funding ငွေကြေးအထောက်အပံ့များ ရရှိရန် ကြိုးပမ်းနေသော်လည်း မန်ချက်စတာမြို အကြီးအကဲနှင့် အဖွဲအစည်းများက ကွင်းဧရိယာတဝိုက် ဒေသများကို အဆင့်မြှင့်တင်ရေးအတွက်သာ ငွေကြေး ထောက်ပံ့လိုသည်။
ထိုအခြေအနေကို ယူနိူက်တက်က အပြည့်အဝ နားလည်ပြီးဖြစ်သော်လည်း ကွင်းသစ်အတွက် သယ်ယူပိုဆောင်ရေးပိုင်းအပါအဝင် လူသိရှင်ကြားရော၊ နောက်ကွယ်ကရော ကူညီပေးမည့် ထောက်ပံ့ကူညီမှုများ ရလာမည်ဟု ယုံကြည်ထားသည်။
via The Athletic
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





