“ခင်ဗျားတိုက ကျွန်တော့် ကစားပုံရဲ့ Principle ကို သိချင်တယ်။ ဒီနေ့ပွဲက ဥပမာပဲ။ တကယ်တော့ အရင့်အရင်ပွဲတွေတည်းက ကျွန်တော်တို ပြခဲ့ပြီးသား။ ဘောလုံးရာသီ ဆက်သွားနေတာနဲ့ တဖြည်းဖြည်းတိုးတက်လာမယ်။ တစ်ဦးချင်းရော အသင်းလိုက်ရော ပိုကောင်းလာမယ်။ ကျွန်တော်တို ဒီရာသီမှာ ကြီးကြီးမားမားတွေ လုပ်ပြဖို မျှော်မှန်းထားပါတယ်။
ဒီနေ့ပွဲမှာဆို အန်တိုနီက ယုံကြည်မှု တည်ဆောက်ဖို လိုနေတယ်။ ရက်ရှ်ဖိုက ပင်နယ်တီ ပေးကန်လိုက်တယ်။ ဒါက သူတိုအတူတကွ ဖေးမ နေတယ်ဆိုတာကို ဖော်ပြနေတာပါ။
ဂါနာချိုကတော့ ဂိုးပေါက်ရှေ့မှာ အချိန်ကိုက် နေရာမှန် ရောက်ရောက်နေတတ်တယ်။ နောက်ပြီး အရမ်း တည်ငြိမ်တယ်လေ။
အသင်းရဲ့ တိုက်စစ်ကစားသမားတွေ ဂိုးဆာလောင်ကြသလို အသင်းဖော်တွေဆီလည်း ဘောလုံးပေးကစားတယ်။ အခွင့်ရေး ကောင်းတွေ ဖန်တီးပေးတယ်။ ဒါကို သဘောကျပါတယ်။
ပြီးပြည့်စုံတဲ့ည ဖြစ်ခဲ့လား ဆိုတော့ ခင်ဗျား ပြောချင်ပြောလို ရပါတယ်။ ကျွန်တော်တို မျှော်မှန်းတဲ့အတိုင်း လုပ်ဆောင်နိုင်ခဲ့တယ်။ ဂိုးတွေသွင်းတယ်။ ဖျော်ဖြေမှုပေးတယ်။ ကျွန်တော်တို တည်ဆောက်ထားတဲ့ ကစားပုံအတိုင်း ကောင်းကောင်း ကစားနိုင်တယ်။ ဒါကြောင့် ပျော်ရွှင်ပါတယ်။”
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





