ကစားသမားဘဝ ပွဲပေါင်း (၆၀၀)ပြည့် ကို ဝင်ကစားရမည်ဖြစ်သည်။ အသက် (၃၀)ပြည့် မွေးနေ့လည်း ဖြစ်သည်။ ဘယ်လောက်တောင် ထူးခြားတဲ့နေ့ ဖြစ်မလဲ။
ဘရူနိုဖာနန်ဒက်ဇ် က သူ့ရဲ့ ဒီလိုအမှတ်တရ နေ့တွင် အဖွင့်ဂိုးကို Box အပြင်ကနေ လှလှပပ ကန်သွင်းကာ ရယူနိုင်ခဲ့သည်။ ရော်နယ်ဒို၏ နောက်ကျဂိုးဖြင့် စကော့တလန်ကို ၂-၁ ဖြင့် အနိုင်ရခဲ့သည့်အတွက် ဘရူနိူအနေဖြင့် ဂိုးလည်းသွင်း၊ အသင်းလည်းနိုင်၊ ရော်ဘတ်တိုမာတီနက်ဇ် လက်အောက်တွင် ဂိုးပါဝင်ပတ်သက်မှု အများဆုံး ပေါ်တူဂီကစားသမား ဖြစ်လာခဲ့သည်။
ကစားသမားဘဝ ပွဲ ၆၀၀ ပြည့်သည့်တိုင် ဘရူနိူသည် ဒဏ်ရာ သိုမဟုတ် ဖျားနာမှုကြောင့် လွဲချော်သည့် ပွဲအရေအတွက်မှာ (၆)ပွဲသာ ရှိခဲ့သည်။ ရှာမှရှားသည့် ကြံ့ခိုင်မှုပင်ဖြစ်သည်။
ယခုအခါ ပေါ်တူဂီ၏ Nation League နှစ်ပွဲလုံးကစားပြီးပြီဖြစ်သဖြင့် ပရီးမီးယားလိဂ် ပြန်မစခင် ဘရူနိုနှင့် ဒါလော့တို နားရက် ပြန်လည် ရရှိမည်မှာလည်း ကျေနပ်စရာဖြစ်ခဲ့သည်။
Kendrix
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





