“ဒီနွေမှာ ယူနိုက်တက်က ကျွန်တော့်ဆီ ပထမဆုံး စကားလာပြောစဥ်တည်းက ဒီအသင်းဟာ ကျွန်တော့်ကို လေးလေးနက်နက်စိတ်ဝင်စားတယ်ဆိုတာ သိခဲ့ပါတယ်။ ကျွန်တော့်အတွက်ကလည်း ပရီးမီးယားလိဂ်မှာကစားခွင့်ရမယ်၊ အင်္ဂလန်ဘောလုံးလောကရဲ့ အကြီးဆုံး ကလပ်အသင်းမှာလည်း ကစားခွင့်ရမယ်ဆိုတော့ လွယ်ကူတဲ့ ဆုံးဖြတ်ချက် ဖြစ်ခဲ့ပါတယ်။
ယူနိုက်တက်က နှစ်ရာသီအတွင်း ဆုဖလားနှစ်လုံး ရရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုအသင်းကြီးအနေနဲ့ အနည်းဆုံးတော့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နေနိုင်သင့်တယ်လို အားလုံး လက်ခံထားပါတယ်။ လက်ရှိမှာ ဒါဟာ စိန်ခေါ်မှုတစ်ခုလည်းဖြစ်သလို ကောင်းမွန်တဲ့ Project နဲ့လည်း သွားနေတာ တွေ့ရပါတယ်။
ကျွန်တော့်အတွက်တော့ အသင်းရဲ့ရည်မှန်းချက်တွေပြည့်ဝအောင် အကောင်းဆုံးပုံစံနဲ့ အကူအညီပေးသွားနိုင်ဖို မျှော်လင့်ထားပါတယ်။”
via OFFICIAL
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





