“အသင်းရဲ့ လက်ရှိအခြေအနေက ခက်ခဲပါတယ်။ တော်တော်ကိုခက်ခဲပါတယ်။ ကျွန်တော် အရင်က ပြောခဲ့တဲ့အတိုင်း အသင်းလိုက်ကစားပုံတိုးတက်လာအောင် ရတဲ့အချိန်အတွင်းမှာ အကောင်းဆုံးကြိုးစားနေဖိုလိုပါတယ်။
ဒီအသင်းရဲ့ နည်းပြရာထူးက ဘယ်သူ့ဘယ်သူ အတွက်မဆို ပေါ့ပေါ့လေး တွေးထားလိုရတဲ့ ရာထူးမျိုးမဟုတ်ပါဘူး။ ကျွန်တော် ဘယ်လို တာဝန်တွေ ယူထားရသလဲဆိုတာ ကျွန်တော်သိပါတယ်။ နိုင်ပွဲတွေ ရယူမပေးနိုင်ဘူးဆိုရင် ဘယ်လိိနည်းပြမဆို ထုတ်ပယ်ခံရနိုင်တယ်ဆိုတာလည်း ကျွန်တော်သိပါတယ်။ ကျွန်တော်က ဒီလိုစိန်ခေါ်မှုတွေကို သဘောကျပါတယ်။
ကွင်းလယ်ဒိုင်တွေအနေနဲ့ (ထောင့်ကန်ဘောတွေကန်တဲ့အခါမျိုးမှာ) ကစားသမားတွေကို ခုထက်ပိုပြီး ကာကွယ်ပေးသင့်လားဆိုတော့ ဝုဗ်ကို အခုလို ရှုးခဲ့တဲ့ ပွဲပြီးပြီးချင်းမှာတော့ ဒီကိစ္စကို မပြောချင်ပါဘူး။
ဒါပေမယ့် ဒီနေ့ခေတ်ဘောလုံးမှာ ထောင့်ကန်ဘောတွေကလည်း ဂိုးရနိုင်ဖို အခွင့်အလမ်းတစ်ခုဖြစ်လာတယ်။ ဒါကြောင့် ထောင့်ကန်ဘောပဲဖြစ်ဖြစ်၊ ဖရီးကစ်ပဲဖြစ်ဖြစ် ခန္တာကိုယ် သေးတဲ့သူ ဖြစ်ဖြစ်၊ အရည်အသွေး မြင့်တဲ့သူ ဖြစ်ဖြစ် ကစားသမားအားလုံး ဧရိယာထဲဝင်ပြီး ဂိုးရဖို အားထုတ်ရမှာပါပဲ။
စည်းမျဥ်းတွေက ရှိပြီးသားမို အခုလို ဂိုးပေးရတဲ့အခါ ဘောင်ထဲကနေ ဂိုးရအောင်သွင်းတာလိုပဲ မြင်ရမှာပါ။ ဒါကို ကျွန်တော်တို စောဒကတက်ပြီး ငိုညည်းနေလိုမရဘူး။ ကျွန်တော်တို လုပ်ရမှာက ကိုယ့်အသင်းဘက်က အခွင့်အရေးရလာတဲ့အခါမှာလည်း အကောင်းဆုံးအသုံးချနိုင်ဖိုပါပဲ။
Set-piece တွေမှာ အသာစီးရယူနိုင်ဖိုအတွက် ပိုပြီး ခန္ဓာကိုယ် ထွားတဲ့ကစားသမားတွေ ခေါ်ဖိုလိုလားဆိုတော့ ကျွန်တော်ပြောနေတဲ့အထဲမှာ ကစားသမားသစ်ခေါ်မယ့်ကိစ္စမပါသေးပါဘူး။ Physical ပိုင်း သေးသွယ်တဲ့ ကစားသမားချည်း ဆယ့်တစ်ဦး ရှိနေဦးတော့.. set-piece ရလာတဲ့အခါ အခွင့်အရေးယူနိုင်ဖိုကြိုးစားရမှာပါပဲ။
ကျွန်တော်တိုက စည်းမျဉ်းစည်းကမ်းတွေကို ပြောင်းလဲဖိုမရတဲ့အတွက် အဲ့ဒီ စည်းမျဉ်းစည်းကမ်းတွေကိုပဲ အသုံးချပြီး အခွင့်အရေး ယူသွားနိုင်ဖို လိုတာပါ။
အခု ဧည့်ခံရမယ့် နယူးကာဆယ်က အရမ်းကို လျင်မြန်ပြီး မာကျောပါတယ်။ ဒီနည်းပြနဲ့ အသားကျပြီးဖြစ်သလို ပုံစံကောင်းလည်း ပြနေပါတယ်။
ဒါပေမယ့် ကျွန်တော်တို ပရိသတ်တွေအတွက် ကစားပေးရပါမယ်။ ဘယ်တော့မဆို အတူရှိနေပေးခဲ့တဲ့ ပရိသတ်တွေ ဒီအချိန်အခါမှာတော့ အရမ်းကို ပင်ပန်းနွမ်းနယ်နေကြပါပြီ။ နယူးကာဆယ် တိုက်စစ်ဆင်လာတဲ့ အခါတိုင်း၊ Box နားရောက်လာတိုင်း စိုးရိမ်သောက မဝေရအောင် ကိုင်တွယ်ဖြေရှင်းရပါမယ်။
ကျွန်တော်တိုအနေနဲ့ အကောင်းဆုံးကြိုးစားပြီး ရင်ဆိုင်ကစားသွားမှ ဖြစ်ပါမယ်။”
via Beanyman sports
အားပေးခဲ့တဲ့မိတ်ဆွေတွေအားလုံး ကျေးဇူးပါ။
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow





