“မေဆန်မောင့်က ရက်သတ္တပတ် အချို အနားယူရပါမယ်။ အချိန်ကာလ အတိအကျတော့ ကျွန်တော်လည်း မသိပါဘူး။ အကြာကြီး နားချင်လည်း နားရနိုင်ပါတယ်။ ဒါပေမယ့်လည်း ဒါဟာ ဘောလုံးမှာ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ အရာမျိူးပါပဲ။
ကျွန်တော်တိုတွေ ပြိုင်ဘက်ရဲ့ Box အနီးမှာ တိုးတက်လာတယ်လို ထင်ပါတယ်။ ကျွန်တော်တို Box အနီးထိ တက် ကစား ပေမယ့် တကယ်တမ်း ဘယ်လိုခြိမ်းခြောက်မှုမှ မလုပ်နိုင်တဲ့ ပွဲတွေ ရှိခဲ့တယ်။ အခုတော့ ကျွန်တော့်အသင်းဟာ ပိုမြန်လာပြီး ပိုပြီး ဖိအားပေးနိုင်နေတယ်။ ကြံ့ခိုင်မှုပိုင်း ပိုကောင်းလာပြီး ပွဲအပေါ် နားလည်နိုင်မှုလည်း တိုးတက်လာပါတယ်။
အန်တိုနီ အနေနဲ့ကတော့ သူ့ကိုယ်သူ ယုံကြည်မှု ပိုရှိဖို လိုအပ်တယ်။ one by one တွေ ကျော်ဖြတ်ဖို ယုံကြည်မှု နည်းနည်း လိုနေတယ်။ သူ တိုးတက်လာမှာပါ။ သူ ကြိုးစားနေတယ်။ အထူးသဖြင့် ဒီပွဲမှာ [စပါး] သူအတွင်းဘက်ကို ပိုဖြည့်ပြီး ဝင်ကစားတယ်။ သူတကယ် ကြိုးစားနေရင် ကျွန်တော် သူ့ကို ပိုကောင်းတဲ့ ကစားသမားဖြစ်အောင် ကူညီမှာပါ။
မေဆန်မောင့် ရဲ့ ဒဏ်ရာက တော့ဗျာ။ အဲ့ဒါက ကျွန်တော့်ရဲ့ အပိုင်း မဟုတ်ပါဘူး။ ကျွန်တော့်လုပ်နိုင်တာက မောင့်ကို ကူညီဖို၊ ကျွန်တော်တို ပွဲစဉ်ကို ဘယ်လိုကစားရမလဲ သူ့ကို လမ်းညွှန်ပေးဖိုပါပဲ။ သူ ဒဏ်ရာက ပြန်ကောင်းလာတဲ့အခါမှသာ တခြားအရာတွေအကြောင်း စဉ်းစားရမှာပါ။ လောလောဆယ် ဆိုးနေတာက သူတို ဒဏ်ရာအများကြီးရခဲ့ပြီး Recovery လုပ်နေချိန်တွေမှာတောင် လိုအပ်တဲ့ လေ့ကျင့်မှုတွေ ပြုလုပ်ဖို အချိန် ရှိမနေတာပါ။
ပွဲဆက်များတဲ့ အပေါ် ပြောရရင်တော့ လေ့ကျင့်ချိန် ပိုလိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ကစားသမားတွေကို လှည့်လည် သုံးစွဲနေလိုပါ။ ကစားသမားတွေကို လှည့်လည် သုံးတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် ချိတ်ဆက်မှုတွေလုပ်ဖို တကယ်ခက်မှာကို နားလည်ပါတယ်။ ဘေးနားမှာ တွဲ ကစားနေကျ သူ မဟုတ်ဘဲ တခြားလူတစ်ယောက်နဲ့ချိတ်ဆက် ကစားရရင် အသားကျဖို တခက်တာ မှန်ပါတယ်။ ကျွန်တော့်မှာ အချိန်ပိုရှိရင်တော့ ဒါတွေကို အဆင်ပြေသွားအောင် ပိုပြီး လေ့ကျင့်ပေးနိုင်မှာပါ။
ရက်ရှ်ဖို ပါမှာလား ဆိုတဲ့ အပေါ်လား။ ဒါပေါ့။ ပါမှာပေါ့။ စည်းကမ်းပိုင်းဆိုင်ရာကြောင့် မရွေးတာမျိုးလား။ မဟုတ်ဘူးလေ။ ဒါက အရင်ပွဲတုန်းက အတိုင်းပါပဲဗျာ။”
အမ်မိုရင်
Kendrix
အားပေးခဲ့တဲ့မိတ်ဆွေတွေအားလုံး ကျေးဇူးပါ။
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





