“လွန်ခဲ့တဲ့နှစ်တွေကတည်းက မန်ချက်စတာယူနိုက်တက်ရဲ့ အရည်အသွေးက ကျဆင်းလာခဲ့ပါတယ်။ တကယ်တော့ ဒီအသင်းဟာ ကမ္ဘာ့အကောင်းဆုံး အသင်း ဖြစ်နေသင့်တာပါ။ ကျွန်တော်တိုတွေ ခက်ခဲပြီး အများမရွေးချယ်တဲ့ ဆုံးဖြတ်ချက်တချို ချရမယ်။ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေကို ချဖို နှောင့်နှေးနေမယ်ဆိုရင် ဘာမှ ပြောင်းလဲမှာ မဟုတ်ဘူး။
လက်မှတ်ခ စျေးတက်သွားလို ပရိသတ်တွေ ဒေါသထွက်တာကို နားလည်ပါတယ်။ အိမ်ကွင်းပရိသတ်တွေ ကွင်းထဲလာဖို ခက်ခဲသွားတာမျိုး ကျွန်တော်လည်း မဖြစ်စေချင်ပါဘူး။ ဒါပေမယ့် ဟန်ချက်ညီမျှမှုတခု ကို ရှာဖွေရပါမယ်။ အခုပြောနေတာက 3% ပိုမြင့်လာတယ်ဆိုတဲ့ ပမာဏပါ။ ယူနိုက်တက်ရဲ့ ကွင်းဝင်ကြေးက ဖူလ်ဟမ်ထက် နည်းနေတယ်ဆိုရင်လည်း အဓိပ္ပါယ် မရှိဘူးလေ။
လက်ရှိ ကျွန်တော်တိုမှာ နည်းပြကောင်းတစ်ဦး ရှိပါတယ်။ Omar တိုလို ထူးချွန်တဲ့ ပုဂ္ဂိုလ် တွေရှိတယ်။ အသင်းက လမ်းကြောင်းမှန်ပေါ်ရောက်နေပါတယ်။ တစ်ညတည်းနဲ့တော့ မပြောင်းလဲနိုင်ပါဘူး။ အချိန်တခုရောက်မှသာ ပြေလည်နိုင်မယ့် ငွေကြေးပိုင်းဆိုင်ရာ ပြဿနာတွေကို ကျွန်တော်တို ဆက်ခံခဲ့ရတာမို ဒါတွေကိုလည်း ဖြေရှင်းရဦးမယ်လေ။”
via The Athletic
အားပေးခဲ့တဲ့မိတ်ဆွေတွေအားလုံး ကျေးဇူးပါ။
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





