ယူနိုက်တက် အားကစားဒါရိုက်တာ Dan Ashworth နှင့် နည်းစနစ်ဒါရိုက်တာ Jason Wilcox တိုသည် ပေါ်တိုနှင့် မကစားခင် ရက်ပိုင်းအလိုက ကာရင်တန်တွင် နာရီပေါင်းများစွာ ရှိနေခဲ့သည်။ ယခုရက်ပိုင်းအတွင်း ရုံးခန်းများ၌ ယူနိုက်တက် တာဝန်ရှိသူများ အစည်းအဝေး အကြိမ်ကြိမ် ပြုလုပ်နေသည်ကို လည်း တွေ့ခဲ့ရသည်။
ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများ ဆက်တိုက် ပြုလုပ်ခဲ့သော်လည်း ပေါ်တိုနဲ့ပွဲတွင် သရေ သာ ရခဲ့သည်။ တန်ဟက်ကမူ ‘ရာထူးအတွက် ယုံကြည်မှုရှိလားလို မေးစရာကို မလိုပါဘူး။ ကျွန်တော်တို နေ့တိုင်း စကားပြောဖြစ်နေပါတယ်။’ ဟု ထပ်မံ ဖြေကြားခဲ့သည်။
ယူနိုက်တက်သည် ယခုရာသီ ပြိုင်ပွဲစုံ သုံးပွဲသာ အနိုင်ရထားပြီး ပရီးမီးယားလိဂ် အဆင့် ၁၃၊ ယူရိုပါလိဂ် အဆင့် ၂၁ တွင် ရပ်တည်နေသည်။
နိုင်ငံပွဲစဥ်ကြောင့် နှစ်ပတ်နားသော ကာလသည် ကလပ်အသင်းများအတွက် နည်းပြအပြောင်းအလဲ ပြုလုပ်ရန်သင့်တော်သော ကာလ ဖြစ်သည်။ ထိုကြောင့် ဗီလာနှင့်ပွဲကို ရှုံးနိမ့်ခဲ့ပါက တန်ဟက် ထုတ်ပယ်ခံရဖွယ်ရှိသည်။
ပရိသတ်များက ပြီးခဲ့တဲ့ရာသီက အထိ နည်းပြအပြောင်းအလဲက အဖြေမဟုတ်ဘူ ဟု ယူဆခဲ့သော်လည်း ယခုအခါ အပြောင်းအလဲဟာ ရှောင်လွှဲလို မရတော့ဘူး ဟု ယူဆလာပြီဖြစ်သည်။
via Steven Railston
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





