“ပွဲကို စတင်ပုံ မကောင်းဘူး။ တော့တင်ဟမ် ကချည်း ပွဲကို စိုးမိုးထားတယ်။ ကျွန်တော်တို Press လုပ်ပုံတွေ အားနည်းခဲ့သလို ဘောလုံးပိုင်ဆိုင်ထားချိန်တွေမှာလည်း အမှားတွေ အများကြီး လုပ်ခဲ့ကြတယ်။
ဒါပေမယ့်ပေါ့လေ။ ကျွန်တော်တို ဒီပွဲထဲကို ကိုယ့်ပွဲ ဖြစ်လာအောင် ပြန်ဖန်တီးနိုင်ခဲ့သင့်တယ်။ ကျွန်တော့်အထင် အနီကတ် က ဒီပွဲကို ပြောင်းလဲသွားစေခဲ့တယ်။
ပထမပိုင်း ကစားပုံလား။ မကောင်းဘူးလေ။ နောက်ခံလူ တစ်ယောက်က တသင်းလုံး လိမ်ခေါက်ပြီး ဖြတ်တင်ဘော တင်ပေးဖိုဆိုတာ ဖြစ်မှမဖြစ်နိုင်ပဲ။ ပထမဂိုးအပြီးမှ ယုံကြည်မှုတွေပါ အနည်းငယ် ကျဆင်းသွားတာမြင်ရတယ်။ ပြောရရင်တော့ ကျွန်တော်တို ကစားတာ မကောင်းဘူး။ ဒီထက် အများကြီး လုပ်ပြနိုင်ခဲ့သင့်တယ်။ ဒါကို ကစားသမား တွေလည်း သိတယ်။
ဘရူနိုရဲ့ အနီကတ် အပေါ်တော့ အများကြီး မပြောချင်ပါဘူး။ ဒါဟာ အနီကတ် ပြရမယ့်အနေအထား မဟုတ်တာ အရှင်းကြီးပါ။
ပွဲအစ သုံးမိနစ်နဲ့ ဂိုးပေးလိုက်ရခြင်းက အသင်းရဲ့ ယုံကြည်မှုတွေကို အနည်းနဲ့အများတော့ ထိခိုက်စေတာပဲလေ။ မလိုအပ်ဘဲ ဂိုးပေးလိုက်ရတာ။ ဒါမျိုးပုံစံတွေချည်းပဲ။ ကွင်းတဝက်လောက် ဘောလုံးဆွဲယူလာ၊ ညာခြမ်းကနေ တောင်ပံကစားသမားက အတွင်း ဝင်ပြီး ကန်မယ်။ တွမ်တီးနဲ့ပွဲတုန်းကလည်း ဒါမျိုးအမှား နဲ့ တူတူပဲ။ ဒီလို ဖြစ်မလာဖို စောစောစီးစီးတည်းက ဘောလုံးပိုင်ဆိုင်မှု ပြန်ရအောင် အားထုတ်ခဲ့ရမှာလေ။
အဲ့လို ဂိုးပေးလိုက်ရပြီးတည်းက အသင်းက ဖိအားဝင်သွားတယ်။ နေရာလွတ်ရှာဖွေမှုတွေ၊ စနစ်တကျ ကစားကွက်ပုံဖော်မှုတွေ အားနည်းသွားတယ်။ ဒီထက် ပိုလုပ်နိုင်ခဲ့သင့်တယ်။
ကျွန်တော်တို အခွင့်အရေးတွေ ရခဲ့တာပဲ။ အနီကတ် ထိပြီးချိန်ရော၊ မထိခင်မှာရော ကန်သွင်းခွင့်တွေရတယ်။ ဇာ့ဇ်ဇီ နဲ့ ဂါနာချိုကို ဂိုးမရသွားခဲ့ဘူး။ ဆယ်ယောက်တည်း ကျန်နေချိန်မှာတောင် အခွင့်အရေးတွေရခဲ့ပါသေးတယ်။
အခုတော့ ဒီပွဲကို မေ့ပြီး ပေါ်တိုနဲ့ပွဲအတွက် ပြင်ဆင်ရပါမယ်။ ဘယ်လို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ပါတယ်ဆိုတာ ပြရမယ်။ ဒီပွဲရှုးတာကို လက်ခံပြီး ပိုကောင်းအောင် ကြိုးစားရမယ်။
ဒီလိုရှုးပွဲအပြီးမှာတော့ ဘာတွေတိုးတက်လာပါတယ်ဆိုတာမျိုး မပြောချင်တော့ဘူး။ ပေါ်တိုနဲ့ပွဲကိုပဲ အာရုံစိုက်တော့မယ်။ အမြဲတမ်းနေ့ရက်သစ်တွေ ရှိနေတယ်။
အဝတ်လဲခန်းထဲမှာ ကျွန်တော့်လူတွေကို အမြဲပြောတယ်။ လာကြ ကောင်လေးတို.. မနက်ဖန်တိုင်းဟာ နေ့ရက်အသစ်တွေပဲ၊ နေ့သစ်တိုင်းမှာ Pressing, Ball Circulation စသဖြင့် တခုခုတိုးတက်အောင် အမြဲ ကြိုးစားနေရမယ် လိုပေါ့။”
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
Subscribe





