ယူနိုက်တက်၏ ပရီးမီးယားလိဂ် ရလာဒ်များ အရမ်းမကောင်းသလို အဆင့် (၁၁)တွင် ရပ်တည်နေသော်လည်း အသင်း၏ ကစားပုံတွင် တိူးတက်မှုများ ရှိသည်ကို အသင်း၏ တာဝန်ရှိသူများက လက်ခံထားကြသည်။
ယူနိုက်တက်က ဒီရာသီ Big Chance အလွဲဆုံးအသင်းအဖြစ် (17)ကြိမ် ဖြင့် ရပ်တည်နေပြီး ဒုတိယနေရာမှ ဗီလာအသင်းထက်ပင် (5)ကြိမ် ပိုများနေသည်။
ဂါနာချို၊ ဇာ့ခ်ဇီ တိုက လေးကြိမ်၊ ဘရူနိုက သုံးကြိမ်၊ လီဆန်ဒရိုမာတီနက် က ထူးထူးခြားခြား နှစ်ကြိမ် လွဲချော်ထားကြသည်။
ဖူဟမ်နှင့်ပွဲတွင် ဘရူနို၏ တစ်ဦးချင်းကန်သွင်းခွင့်၊ မေဆန်မောင့် နှင့် ဂါနာချို ၏ ကန်ချက်များ၊ ဘရိုက်တန်နှင့်ပွဲတွင် အာမက်၏ Volley ကန်ချက် နှင့် Zirlzee ၏ ကန်ချက်၊ လီဗာပူး နှင့်ပွဲတွင်လည်း ရက်ဖို၏ ကန်ချက်၊ ဆောက်သမ်တန် နှင့်ပွဲမှ Zirkzee ၏ ကန်ချက်၊ ပဲလေ့စ်နှင့်ပွဲမှ ဂါနာချို၏ အပိုင်အခွင့်အရေး၊ ဒီလစ်၏ အပိုင်ခေါင်းတိုက်ချက်တို လွဲချော်ခဲ့သည်မှာ အမှတ်ရစရာဖြစ်ခဲ့သည်။
ယူနိုက်တက် တိုးတက်လာသော အချက်များတွင် ခံစစ်ပိုင်းစွမ်းဆောင်ရည်က အဓိက နေရာမှ ပါဝင်သည်။ ခံစစ်မှူးများ ပွဲတိုင်းလိုလို ကစားပေးနေသော်လည်း တစ်ဦးမျှ ဒဏ်ရာ မရသေးသည်မှာလည်း အလွန်ကြီးမားသော တိုးတက်မှု ဖြစ်သည်။
ယခုရာသီကစားထားသော ပြိင်ပွဲစုံတွင် အရင်ရာသီကထက်စာလျှင် ဘောလုံးပိုင်ဆိုင်မှု အလွန်တိုးတက်လာသည်။ အထူးသဖြင့် ပဲလေ့စ်နှင့် ပထမပိုင်းတွင် အဖက်ဖက်မှ တိုးတက်လာသော Stats များကို တွေ့မြင်ခဲ့ရသည်။
အဲရစ်တန်ဟက် အေဂျက်စ်တွင် ပုံဖော်ခဲ့သော အိုနာနာ မာတီနက် ဒီလစ် Triangle ကို ယူနိူက်တက်နောက်တန်းတွင် အထိုင် သုံးစွဲနေပြီဖြစ်သည်။ မထင်မှတ်ဘဲ အဲရစ်ဆင်ကို ပြန်လည်နေရာပေးပြီး အခွင့်ရေးကောင်းများ ဖန်တီးနိုင်လာပြီဖြစ်သည်။
ယခုအခါ ယူနိုက်တက်တွင် အမှန်တကယ်လိုအပ်နေသည်မှာ အခွင့်အရေးဖန်တီးမှု (Creation) မဟုတ်တော့ဘဲ အခွင့်ရေးတွေကို ဂိုးအဖြစ်ပြောင်းလဲနိုင်စွမ်း (Chance Conversion) သာ ဖြစ်တော့သည်။
bia Samuel Luckhurst
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
Subscribe





