“Barnsley နဲ့ ပွဲမှာ Left Back ကစားခဲ့ခြင်းဟာ အဲ့ဒီနေရာမှာ Toby ကစားတဲ့ ပထမဆုံးပွဲပါပဲ။ ပွဲအစပိုင်း မိနစ်တွေမှာ သူ့အတွက် ခက်ခဲနေခဲ့တယ်။ ဒါပေမယ့် မကြာဘူး။ သူ ခြေတွေ့လာတယ်။ နိုင်နိုင်နင်းနင်း ရဲရဲတင်းတင်း ကစားနိုင်လာတယ်။ တစ်သင်းလုံးနဲ့ အတွဲအဖက် မိလာတယ်ပေါ့ဗျာ။
အဲရစ်ဆင် ကျ တော့လည်း အသင်းအတွက် အများကြီး အကူညီပေးနိုင်ဦးမယ့် Profileမျိုးပဲဗျ။ ဖန်တီးနိုင်စွမ်း မြင့်မားပြီး ချိတ်ဆက်ကစားရာမှာ ကောင်းမွန်သူဖြစ်တယ်။ ဂိုးရဖို ဘယ်လို ပေးပိုလိုက်ရမယ်ဆိုတာရော၊ ဂိုးဘယ်လိုသွင်းရမယ်ဆိုတာရော သူက ကောင်းကောင်းသဘောပေါက်တဲ့သူမျိုးပါ။”
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





