ယူနိုက်တက်သည် မနေ့ညက ကစားခဲ့သော ဒေါ့မွန်အသင်း၏ ချန်ပီယံလိဂ်ပွဲစဥ်တွင် ဘယ်တောင်ပံကစားသမား Jamie Gittens ကို အကဲခတ်ရန် ကင်းထောက်အဖွဲအား စေလွှတ်ခဲ့သည်။
Gittens ကလည်း လူစားဝင်လာပြီး ဒေါ့မွန်အတွက် အနိုင်ဂိုး နှစ်ဂိုး သွင်းယူကာ ပွဲ၏ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့သည်။ အသက် ၂၀ အရွယ် အင်္ဂလန်သား Gittens သည် ယခုရာသီ ဒေါ့မွန်အတွက် အထူးခြေစွမ်းပြလျက်ရှိသည်။
ယူနိုက်တက်က ဆန်ချိုကို ထွက်ခွင့်ပေးထားသလို အန်တိုနီ၏ အခြေနေလည်း မရေရာသဖြင့် နောက်ရာသီ ပစ်မှတ်အဖြစ် Gittens ကို စောင့်ကြည့်နေသည်။
အာဆင်နယ်အသင်းကလည်း စတာလင်ကို ရေတိုသာ ခေါ်ထားခြင်း၊ မာတီနယ်လီ ခြေစွမ်းကျနေခြင်းတိုကြောင့် Gittens ကို စိတ်ဝင်စားနေပြီး မနေ့ညက ယူနိုက်တက်နည်းတူ ကင်းထောက်များစေလွှတ်ခဲ့သည်။
via Caughtoffside
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





