“ကာရာဘောင်ဖလားကို အရေးမပါဘူးလို သဘောမထားပါဘူး။ တခြားအသင်းတွေ မန်နေဂျာတွေ ပိုင်ရှင် တွေလည်း ထိုနည်းတူပါပဲ။ မနှစ်က လီဗာပူး ချန်ပီယံ ဖြစ်တော့လည်း သူတို မက်မက်မောမော အောင်ပွဲခံသွားတာပါပဲ။ တခြားအသင်းတွေလည်း ဒီပြိုင်ပွဲအတွက် ကြိုးစားလာမှာပါ။ ကျွန်တော်တိုလည်း ကြိုးစားရပါမယ်။ ဘောလုံးမှာ ဆုဖလားဆိုတာ အရေးပါတဲ့အရာပါ။
ဒီလစ် မာတီနက် မာဇရာဝီတို ကစားနိုင်ပါတယ်။ သူတို ဒဏ်ရာမရသွားပါဘူး။ မနှစ်ကလို ဒဏ်ရာတွေ အရမ်းမများဘဲ ရွေးချယ်စရာ များများရှိတာ ကျေနပ်ရပါတယ်။
ကျွန်တော်တိုက ပွဲတွေအများကြီး ကစားရမှာမို Rotate လုပ်ဖို လိုပါတယ်။ ပွဲထွက် ဆယ့်တစ်ယောက်ချည်းပဲ အမြဲသုံးမှာမဟုတ်ပါဘူး။
ဟုတ်ပါတယ်။ မောင့်၊ ဟော့ဂျ်လန်း၊ ရှော နဲ့ လင်ဒီလော့တို မပါနိုင်သေးပါဘူး။ ဒီတပတ် အတွင်း သူတို ဘယ်လောက်ဆက်တိုးတက်လာမလဲ ကြည့်ရပါမယ်။
လုရှောရဲ့ ဒဏ်ရာ အရမ်းတိုးတက်နေတယ်ဆိုတာ သေချာပါတယ်။ ဒါပေမယ့် ပွဲကစားဖို ရွေးချယ်လိုရလောက်အောင် အဆင်မပြေသေးပါဘူး။ သူ ကစားနိူင်တာနဲ့ သူ့ကိုရွေးချယ်ဖို ထည့်သွင်းစဥ်းစားမှာပါ။ ဒါပေမယ့် တခါတလေမှာ အကြောင်းအကျိုး တိုက်ဆိုင်ပြီး နှေးသွားတာ၊ မြန်သွားတာတွေ ဖြစ်တတ်ပါတယ်။
အန်တိုနီ ကတော့ အရမ်းကြိုးစားနေပါတယ်။ စိတ်အားထက်သန်မှုနဲ့ ကြိုးစားမှု မြင့်မားတဲ့သူက ကစားခွင့်ရဖို ထိုက်တန်ပါတယ်။ လေ့ကျင့်ရေးကွင်းမှာ ကောင်းကောင်း လုပ်ဆောင်နိုင်တဲ့ကစားသမားတိုင်း ကစားခွင့်တွေ ရလာမှာပါ။
အူဂါတေလား.. သူပွဲထွက်မလား ခင်ဗျားတိုလည်း စောင့်ကြည့်ကြပေါ့..
ကျွန်တော်တိုက ပြိုင်ပွဲ ငါးခုလောက်ကို ယှဥ်ပြိုင်နေရတာပါ။ ဘယ်ပြိုင်ပွဲကိုမှ ပေါ့ပေါ့တန်တန် မတွေးပါဘူး။ အားလုံး ကို အနိုင်ရချင်တာ။ အားလုံးကို အပြည့်အဝ အာရုံစိုက်မှာပါ။
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





