“ကျွန်တော်တို ပွဲတိုင်း နိုင်အောင် ကစားရမယ်ဆိုတာ သိပါတယ်။ ဒီနေ့ တော့ လုပ်နိုင်ခဲ့တယ်။ ပွဲအစမှာ ခက်ခဲခဲ့ပေမယ့် အန်ဒရေ ပင်နယ်တီ ကာကွယ်ပြီးချိန်နဲ့ ဒီလစ် အဖွင့်ဂိုး သွင်းလိုက်ချိန်မှာတော့ ပွဲက ကျွန်တော်တို ပွဲ ဖြစ်သွားတယ်။
ဒီလစ်က အရမ်းကောင်းတဲ့ ကစားသမားဆိုတာ ကျွန်တော်သိပြီးသားပါ။ ပြိုင်ဘက်ဧရိယာတွေထဲ အခုလို ဂိုးပေါက်ခြိမ်းခြောက်မှုတွေလည်း လုပ်နိုင်တယ်လေ။
ဒဏ်ရာတွေက မပြင်းထန်ပါဘူး။ မစိုးရိမ်ရဘူး နက်ဖန်ညထိတော့ စောင့်ကြည့်ရမှာပေါ့။
အူဂါတေး က အဖွင့်လှခဲ့ပါတယ်။ သူဘာတွေယူဆောင်လာမလဲဆိုတာ ခင်ဗျားတိုလည်း မြင်မှာပါ။ Control, Interception တွေ၊ ချိတ်ဆက်ကစားမှုတွေ အတော်ကောင်းပါတယ်။
သူက နိုင်ငံပွဲမတိုင်ခင်တကြိမ်၊ မနေ့က တကြိမ်၊ စုစုပေါင်း နှစ်ကြိမ်ပဲလေ့ကျင့်ရသေးလို ပွဲချိန်ပြည့်မကစားနိုင်တာပါ။ သူကစားသွားတဲ့ မိနစ်တွေအပေါ်ပျော်ရွှင်ကြမှာပါ။
ရက်ရှ်ဖိုလား။ သူကတော့ ဂိုး စပြီးရပြီဆိုတော့ နောက်ထပ်ဂိုးတွေ ထပ်လာဖိုပဲ ရှိပါတော့တယ်။”
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





