အဲရစ်တန်ဟက်သည် Toby Collyer ကို အလွန်နှစ်သက်သဘောကျသည်။ အသင်းဘက်ကလည်း ဘရိုက်တန်မှ ပြောင်းရွှေ့လာသော 2022 တည်းက သူ့ကို အသင်းကြီးအတွက် အကောင်းဆုံး အလားအလာတွေ ယူလာမည့်သူဟု မျှော်မှန်းထားခဲ့သည်။ လက်ရှိလေ့ကျင့်ရေးကွင်းတွင်လည်း Bruno Fernandes ပြီးလျှင် လျင်မြန်ကြံ့ခိုင်မှုအရာမှာ Collyer က စံတင်ရလောက်အောင်ပဲ ဟု ဆိုစမှတ်ပြုကြသည်။
သူ၏ ပရီးမီးယားလိဂ် ပွဲဦးထွက်မှာ လီဗာပူးနှင့်ပွဲ ဒုတိယပိုင်းတွင် ကာစီမီရို နေရာ မထင်မှတ်ဘဲ ဝင်ကစားခွင့်ရခဲ့ခြင်းဖြစ်သော်လည်း tackles သုံးကြိမ်၊ Revovery သုံးကြိမ် နှင့် Dribble လုပ်တိုင်း အောင်မြင်ခဲ့သည့်အတွက် အချက်အလက်အရ သဘောကျစရာဖြစ်ခဲ့သည်။
၂၀၂၇ အထိ စာချုပ်သက်တမ်းတိုးသောအခါတွင်လည်း တန်ဟက်ကိုယ်တိုင် တက်ရောက်ချီးမြှင့်ခဲ့သည့်အတွက် ယခုရာသီ ပုံစံကောင်းကျဆင်းလာသော ကာစီမီရို၏ နေရာတွင် Toby က အဆင်ပြေသော အစားထိုးမှုဖြစ်မည်ဟု ယူဆလာကြသည်။
အနေအေးပြီး နာခံတတ်သလို အလုပ်ကြိုးစားသူဖြစ်ပြီး ကာရစ်နှင့် ဖလက်ချာတိုလို ကွင်းလယ်ပုံစံမျိုး ဖြစ်လာနိုင်သည်ဟု ထင်ကြေးပေးခံထားရသော Toby ၏ အလားအလာကိုလည်း ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။
via StevenRailston
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





