ယူနိုက်တက်၏ Director of Recruitment ရာထူးအတွက် ယာယီတာဝန်ထမ်းဆောင်လျက်ရှိသော Christopher Vivell သည် နွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် အောင်မြင်စွာ လုပ်ဆောင်ထားနိုင်ခဲ့သည့်နောက် ဇန်နဝါရီ ဆောင်းရာသီအပြောင်းအရွှေ့ကာလ ပြီးသည်ထိ အဆိုပါရာထူးနှင့် ဆက်လက် ရှိနေမည်ဖြစ်သည်။
Vivell က ယူနိုက်တက်တွင် ဖေဖော်ဝါရီလ အထိ စာချုပ်ချုပ်ထားသော်လည်း သူ၏ လုပ်ဆောင်ချက်များကို အသင်းက သဘောကျနေသဖြင့် ယာယီရာထူးသက်တမ်းပြည့်လျှင် အပြီးသတ် ခန့်အပ်သွားဖွယ်လည်းရှိသည်။
Vivell ၏ ရာထူးအပေါ် သုံးသပ်မှုနှင့် အပြီးခန့်ဖြစ်၊ မခန့်ဖြစ်ကို ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက် အပြီးတွင် ဆုံးဖြတ်သွားမည်ဖြစ်သည်။
via TyMarshall_MEN
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





