ယူနိုက်တက်က Rashford ကို ယခုနှစ် နွေရာသီတည်းက ရောင်းချရန် စဥ်းစားခဲ့သလို နောက်ရာသီ တွင်လည်း ကမ်းလှမ်းမှုများ ရှိပါက လက်ခံစဥ်းစားကာ ရောင်းချသွားမည်ဖြစ်သည်။
Rashford ၏ ကွင်းပြင်ပ နေထိုင်မှုများနှင့် ပတ်သက်၍ အသင်းက အားရမှုမရှိသလို ဘောလုံးအပေါ် အာရုံစိုက်မှု လျော့နည်းနေသလား ဟုလည်း သံသယရှိနေသည်။ သတင်းရင်းမြစ် များအရ Rashford သည် ကွင်းပြင်ပ တွင် စိတ်အာရုံထွေပြားစရာ ကိစ္စ အမြောက်အများ ရှိနေကြောင်း သိရသည်။
သိုရာတွင် ကစားသမားအနေဖြင့် အမ်မိုရင် လက်အောက်တွင် ပြန်လည် နိုးထ ပြန်ရန် အခွင့်အရေးရှိနေဆဲ ဖြစ်သည်။ အမ်မိုရင် လက်အောက်တွင် ငါးပွဲကစား သုံးဂိုး သွင်းထားသော်လည်း ယခုထက် ပိုမိုကောင်းမွန်စွာ စွမ်းဆောင်ရည် ပြဖို လိုသည်။
အသင်းပြောင်းဖြစ်ပါက PSG နှင့် အပြောင်း အရွှေ့ သတင်းများရှိထားသလို ဆော်ဒီ ကလပ်များသိုလည်း ရောက်ရှိသွားနိုင်သည်။
via Telegraph
အားပေးခဲ့တဲ့မိတ်ဆွေတွေအားလုံး ကျေးဇူးပါ။
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





