ယူနိုက်တက်သည် မားကပ်စ်ရက်ဖိုဒ်ကို လာမည့်နွေရာသီ တွင် ရောင်းချသွားနိုင်ပြီး ဆောင်းရာသီတွင် ထိပ်တန်းကမ်းလှမ်းမှုများကို လက်ခံစဥ်းစားသွားနိုင်သည်။
ကလပ်အသင်းအနေဖြင့် ရူဘင် အမိုရင်၏ လက်အောက်တွင် ၎င်း၏ တိုးတက်မှုကို သိရှိနေသော်လည်း ၎င်းသည် ‘ရောင်းလိုမဖြစ်သော ကစားသမားမဟုတ်ကြောင်း’ ယူဆထားသည်။
ရက်ဖိုကို ရောင်းရန် စဥ်းစားရခြင်း အကြောင်းရင်းတစ်ခုမှာ ၎င်း၏ အလွန်မြင့်မားသော လစာကြောင့်လည်း ပါဝင်သည်။ ရက်ဖိုကိုသာ ရောင်းချနိုင်ပါက ဘဏ္ဍာရေးစည်းမျဥ်း ချောင်လည်ကာ ကစားသမားအသစ်များလည်း ပိုမိုခေါ်ယူနိုင်မည်ဖြစ်သည်။
အသက် ၂၇ နှစ်အရွယ် ရက်ဖိုဒ်၏ ယူနိုက်တက်နှင့် လက်ရှိစာချုပ်မှာ 2028 အထိ သက်တမ်း ရှိနေသည်။
via Plettigoal
အားပေးခဲ့တဲ့မိတ်ဆွေတွေအားလုံး ကျေးဇူးပါ။
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





