The Athletic မှ ယူနိုက်တက်ထိပ်ပိုင်းနှင့် နီးစပ်သူ အမြောက်အများကို ဆက်သွယ်မေးမြန်းထားခဲ့သည်။ Dan Ashworth နှင့် Sir Jim Ratcliffe အကြား တင်းမာသော ဆက်ဆံရေးများ အမှန်ပင် ရှိခဲ့သည်။
Dan Ashworth က အဲရစ်တန်ဟာ့ဂ်ကို မထုတ်ပယ်ခင် နည်းပြ၏ စွမ်းဆောင်ရည်ကို ပြန်လည် သုံးသပ်ရန် ပြင်ပ ကုမ္ပဏီတစ်ခုကို ဖိတ်ခေါ်ခဲ့သည်။ ထိုအခါ Sir Jim Ratcliffe က အားကစားဒါရိုက်တာ ဖြစ်နေပြီး ပြင်ပအကူအညီယူရကောင်းလား ဟု ဝေဖန် ပြောဆိုရာမှ နှစ်ဦးကြား ပဋိပက္ခ ဖြစ်ခဲ့ကြသည်။
နည်းပြသစ် ရွေးချယ်ခဲ့ရာတွင် Sir Jim က Dan Ashworth အနေဖြင့် သူ ကျင်လည် ကျက်စားရာ ဘောလုံးလောက မှ အတွေ့အကြုံများပေါ် အခြေခံကာ အကောင်းဆုံး ရွေးချယ်ပေးမည်ဟု မျှော်လင့်ခဲ့သည်။ သိုရာတွင် အဆိုပါ မျှော်လင့်ချက်က ဖြစ်မလာခဲ့ပေ။
Dan Ashworth က အယ်ဒီဟောင်း၊ မာကိုဆေးဗား၊ ဂရေဟမ်ပေါ်တာ၊ သောမတ်စ်ဖရန့် တိုကို တင်ပြလာသည်။ ပေါ်တာကို ရာသီကုန်ထိ ယာယီနည်းပြအဖြစ် ခန့်အပ်ချင် ခန့်အပ်ရန်လည်း ပါရှိသည်။ Sir Jim Ratcliffe ကမူ Ashworth အနေဖြင့် မိမိရင်းနှီးကျွမ်းဝင်ပြီးသား နည်းပြနာမည် များကို ရေရွတ်ပြမည့်အစား အသင်းနှင့် အံဝင်မည့် နည်းပြကို အချက်လက် ခိုင်လုံစွာ ရွေးချယ်ပေးစေလိုခဲ့သည်။
ယူနိုက်တက် နည်းပြဟူသည် ကြီးမားသော တာဝန်ကို ထမ်းဆောင်ရမည့်သူ ဖြစ်သည့်အတွက် အရည်အချင်းပြည့်ဝသူ၊ ဆုံးဖြတ်ချက်များကို ပြတ်ပြတ်သားသား ချမှတ်နိုင်စွမ်းရှိသူကိုသာ နည်းပြအဖြစ် အလိုရှိခဲ့သည်။
နယူးကာဆယ်ကို သူကိုယ်တိုင် လျော်ကြေးပေးပြီး ခေါ်ယူခဲ့သော်လည်း အဆိုပါ အားကစားဒါရိုက်တာက ထင်သလောက် အကြံ မပေးနိုင်ခဲ့သောအခါ အားမရသည့်အပြင် နှစ်ဦးကြား ပြဿနာများပါ ပိုကြီးမားလာခဲ့သည်။
အမ်မိုရင် ကို ခေါ်ယူရန် အဓိက စီစဥ်ခဲ့သူမှာ Omar Berrada ဖြစ်သည်။ တန်ဟာ့ဂ်ကို ထုတ်ပယ်ပြီးပြီးချင်း ပေါ်တူဂီ သွားကာ စပိုတင်း ဥက္ကဌ နှင့် ဆွေးနွေးခဲ့သူမှာ Berrada သာလျှင် ဖြစ်သည်။
ယခုနွေရာသီ အပြောင်းအရွှေ့ အားလုံး Dan Ashworth မှ ကြီးကြပ်ခဲ့သည်။ တန်ဟာ့ဂ်နှင့် Dan Ashworth အလုပ်အတူ လုပ်ကာ စိတ်ကြိုက်ခေါ်ယူမှုများ ပြုလုပ်ခဲ့သည်။ တန်ဟာ့ဂ် အထူး အလိုရှိသော ဒီလစ် နှင့် မာဇရာဝီကို ခေါ်ယူပေးခဲ့သည်။ ဇာ့ခ်ဇီကို အသင်းဘက်က ဦးဆောင်ခေါ်ယူသော ကစားသမားဟု လူတွေထင်ကြသည်။ တကယ်တော့ နယူးကာဆယ်အတွက် ခေါ်ဖို နှစ်အစတည်းက တည်ထားသော ကစားသမားဖြစ်သည်။
တခြား အသေးအဖွဲ ပြဿနာများလည်း ရှိသည်။ ဥပမာ.. အမ်မိုရင် ရောက်ပြီး ဒုတိယနေ့တွင် Dan Ashworth က ခွင့်ယူသွားခြင်း၊ နိုဝင်ဘာလတွင် ကျင်းပသော အသင်း ထိပ်သီးအစည်းအဝေးတစ်ခုကို တက်ရောက်ရန် ပျက်ကွက်ခဲ့ခြင်း၊ စသည့်အချက်များဖြစ်သည်။
မည်သိုပင် ဆိုစေကာမူ Ashworth နှင့် နီးစပ်သူများအဆိုအရ သူသည် အားကစားပိုင်းဆိုင်ရာ ကျွမ်းကျင်ပိုင်နိုင်ပြီး ရိုးသားကြိုးစားသူ ဖြစ်သလို ကာရင်တန်တွင်လည်း ကောင်းမွန်သော ဆက်ဆံရေးနှင့် လွှမ်းမိုးမှုရှိသူဖြစ်သဖြင့် ယခုလို ရုတ်တရက် ထွက်ခွာသွားရခြင်းသည် အကြီးအကျယ် ရှော့ ရစရာ သတင်းတခုဖြစ်သွားသည်မှာ အမှန်ပင်ဖြစ်သည်။
via Laurie Whitwell နှင့် Adam Crafton
Kendrix
အားပေးခဲ့တဲ့မိတ်ဆွေတွေအားလုံး ကျေးဇူးပါ။
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
YouTube (https://www.youtube.com/@TheUnitedShow)
Subscribe





