“ရလာဒ်ကောင်းတစ်ခုပါ။ အနိုင်ရဖို ဦးတည်ကစားခဲ့သလို မျှော်မှန်းတဲ့အတိုင်း လုပ်နိုင်ခဲ့တယ်။ လိုအပ်တဲ့အချိန် ဂိုးတွေကွက်တိ သွင်းယူနိုင်ပြီး ပွဲအခြေနေ ကိုယ့်ဘက် ပါလာအောင် ဆွဲယူနိုင်ခဲ့ပါတယ်။
ကျွန်တော်တို အလုပ်တွေအများကြီးတော့ ဆက်လုပ်သွားရဦးမယ်။ အဲ့လို လုပ်ဆောင်ရာမှာ နိုင်ပွဲတွေနဲ့အတူတူ ဆက်လက်ရှေ့ဆက်ချင်တာပါ။ ကစားပုံ ပိုကောင်းအောင်လည်း တည်ဆောက်ရမယ်။ ကောင်းတဲ့ အခိုက်အတန့်တွေရှိသလို ကျွန်တော်တို ပေးဆပ်သွားရနိုင်တဲ့ အခိုက်အတန့်တွေလည်း ရှိတယ်လေ။
ဇာ့ခ်ဇီ လား။ နှစ်ဂိုးသွင်းတာ သူ့ယုံကြည်ချက် တွေ ပြန်တည်ဆောက်ဖို အချိန်ကောင်းပဲလေ။ သူ့ကို ကစားခွင့်ပေးရတဲ့အပေါ် ဖြစ်ကြောင်းကုန်စင်တော့ ပြောမနေတော့ပါဘူး။ အနားရထားပြီး လန်းဆန်းတက်ကြွနေတဲ့သူတွေကို နေရာပေးချင်တာပါ။
အရမ်း လှပညက်ညောမှုတော့ မရှိခဲ့ပါဘူး။ အဲဗာတန်ကတောင် ပွဲကို နားလည်နေသလို အခိုက်အတန့် တွေ ရှိခဲ့တယ်။ ကျွန်တော်တိုက လိုအပ်နေတဲ့ သွင်းဂိုးကို အရင် ရသွားတာပဲရှိတာ။ ကျွန်တော်တို ရသွားတဲ့ ဂိုးတွေက ပွဲကို အပြောင်းအလဲ ဖြစ်စေခဲ့တာ။ ကျွန်တော်တို အများကြီး ဆက်သွားရဦးမှာပါ။
ရလာဒ်တစ်ခုတည်းကို ဦးတည်ထားလို မရပါဘူး။ ဘယ်လိုဘယ်ပုံ ကစားမလဲဆိုတာက အရေးကြီးပါတယ်။ ကျွန်တော်ပြောခဲ့သလိုပဲ အများကြီး ဆက်သွားဖို ကျန်နေပြီး နိုင်ပွဲတွေနဲ့အတူ သွားရရင်တော့ ပိုကောင်းတာပေါ့။
ရက်ရှ်ဖို အပေါ်လား။ သူက ဒီထက် အများကြီး ပိုလုပ်ပြနိုင်ပါသေးတယ်။ ကျွန်တော်တို အားလုံး တိုးတက်ဖို လိုနေပါသေးတယ်။ ဒီနေ့အတွက် တော့ ကောင်းပါတယ်။
ပထမဂိုးအတွက် Set Piece နည်းပြကို ဂုဏ်ပြုပါတယ်။ အဲဗာတန် ဒီလောက် ပိတ်ဆိုထားတဲ့ကြားက ဂိုးရသွားတာလေ။
အာမက်ကတော့ လူကောင် ငယ်ပေမယ့် တော်တော် လုပ်နိုင်ကိုင်နိုင်တဲ့သူပါ။ သူလည်း တိုးတက်ဖို လိုတာလေးတွေ ရှိသေးတယ်။ ဒါပေမယ့် အခုပုံစံကောင်းတွေ ပြပြီး ကျွန်တော့်ကို ကူညီနေတယ်။ သူ့ကို နစ္စတယ်ရွိင်း နည်းပြစဥ်က အများကြီး ပံ့ပိုးသင်ကြားပေးခဲ့တော့ သူက အခုတဖန် ကျွန်တော့်ကို ပြန်ကူညီပေးနေတာပေါ့။
အသင်းက လက်ရှိမှာ ပြီးပြည့်စုံတဲ့ Performance လိုပြောဖို အဝေးကြီး လိုပါသေးတယ်။ အများကြီး ပိုကောင်းဖိုလိုတယ်။ ပိုကောင်းတယ်ဆိုတာလည်း ပြနိုင်ရမယ်။ ပွဲချိန် 15မိနစ်လည်း ကျော်ရော အဲဗာတန်က ပွဲကို ထိန်းချုပ်သွားတာပဲကြည့်။ ကစားသမားတွေဟာ သူတို အရည်အသွေးနဲ့ဆို တချိုသော ပြဿနာလေးတွေကို အေးဆေး ကိုင်တွယ်သွားသင့်ပါတယ်။ ဒါပေမယ့် လိုနေတာလေးတွေ ရှိနေပါတယ်။ ဒါကြောင့် ကျွန်တော်ပြောတာလေ။ ပြီးပြည့်စုံတယ်ဆိုတဲ့ စကားလုံးကို သုံးဖို အဝေးကြီးလိုပါသေးတယ်လို။ ဒါပေမယ့် ခက်ခဲတဲ့ပွဲမှာ နိုင်ပွဲရတဲ့ အပေါ်တော့ ကျေနပ်ပါတယ်။”
ရူဘင်အမ်မိုရင်
Kendrix
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





