ယူနိုက်တက်နည်းပြ အမ်မိုရင်က Hojlund ကို စပိုတင်းတိုက်စစ်မှူး Gyokeres ကဲ့သို အကျိုးပြုအောင် အသုံးချလာနိုင်ချေရှိသည်။
သိုသော် တခြား တိုက်စစ်မှူးသစ် ခေါ်ယူရန်မှာလည်း ဖြစ်နိုင်ချေတစ်ခုအဖြစ် ရှိနေဆဲ ဖြစ်သည်။
ယူနိုက်တက်၏ Deeper Midfield Role အတွက် ပိုမိုရွေ့လျားကစားနိုင်ပြီး ဖန်တီးနိုင်စွမ်း မြင့်မားသော ကစားသမားကို ခေါ်ယူရန် စိတ်အားထက်သန်နေသည်။
Gyokeres က အမ်မိုရင်၏ System တွင် အရေးပါသောကြောင့် တိုက်စစ်မှူးသစ် အကြောင်း ပြောရာတွင် မဖြစ်မနေ ပါဝင်လာမည်ဖြစ်သည်။ Sesko ကိုလည်း အသင်းက ကာလရှည် စိတ်ဝင်စားနေသည်။
လေဗာကူဆင်၏ Jeremie Frimpong ကိုလည်း ကာလရှည် စောင့်ကြည့်ကာ စိတ်ဝင်စားနေခဲ့သည်။
ယူနိုက်တက်ဘက်မှ ငွေဖော်လိုသည့် ကစားသမားထဲ အန်တိုနီက ထိပ်ဆုံးမှ ပါဝင်သည်။ အမ်မိုရင်က အန်တိုနီကို Wingback အဖြစ် ပုံသွင်းနေသော်လည်း ပုံစံကောင်း ပြသနိုင်ခြင်း မရှိပါက ရောင်းထုတ်ခံရနိူင်သည်။ အထူးသဖြင့် ယူနိုက်တက် အလိုရှိသော ကစားသမားရဖို ငွေ မလောက်တော့သည့် အခါမျိုးတွင် ဖြစ်သည်။
ကာစီမီရိုကိုလည်း ကမ်းလှမ်းမှုများရှိပါက လက်ခံစဥ်းစားသွားမည်ဖြစ်သည်။
အသင်းရှိ ရောင်းချလိုသော ကစားသမားများအတွက် ဆော်ဒီစျေးကွက်နှင့် တူရကီကလပ်များထံ ချိတ်ဆက်မှုများ ပြုလုပ်လျက်ရှိသည်။
via David Ornstein
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
YouTube (https://www.youtube.com/@TheUnitedShow)
Subscribe





