“အိုးထရက်ဖိုမှာ ပထမဆုံး ကစားရမယ့်ပွဲအပေါ်လား။ ဒါဟာ အရမ်း ထူးခြားတဲ့ ခံစားမှုလို လူတွေက ပြောကြပါတယ်။ ကျွန်တော်ကတော့ ပွဲကိုပဲ အနိုင်ရချင်ပါတယ်။
သွင်းဂိုးတွေ အရနည်းတဲ့အပေါ်လား။ ကျွန်တော်တို တစ်ပတ်တာလုံး Build up ပိုင်းကိုပဲ အာရုံစိုက်ခဲ့မိလို ဖြစ်နိုင်ပါတယ်။ ဂိုးသွင်းယူဖို ပိုမို ကြိုးစားသွားရမှာပါ။
Structure ပိုင်းလို ပြောရာမှာ ဘာကိုဆိုလိုလဲ နားလည်ချင်မှ နားလည်ကြမှာပါ။ ကျွန်တော်တို ကစားကွက် အမျိုးမျိုးပြောင်းလဲ ကစားနိူင်ပါတယ်။ ဒီနေ့ခေတ်မှာ အသင်းတွေက သူတိုရဲ့ ကစားဟန်ကို အပြောင်းအလဲတွေ လုပ်ကြလေ့ရှိပါတယ်။ Structure တစ်ခုရဲ့ Power ဆိုတာဟာ Formation ဘယ်လောက်ပြောင်းကစားနိုင်လဲ ဆိုတဲ့ အပေါ် မူတည်တယ်လို မြင်ပါတယ်။
အစ်ဆွစ်နဲ့ပွဲက ကစားသမားတွေ အပေါ်လား။ ဒီ ရလာဒ်ဟာ ကစားသမားတွေနဲ့ မဆိုင်ပါဘူး။ Idea ပိုင်းနဲ့ ဆိုင်တာပါ။ ကျွန်တော်နဲ့ ဆိုင်တာပါ။ သူတို တိုးတက်လာနေပါတယ်။ ကျွန်တော် ပျော်ရွှင်စေမယ့် ပုံစံမျိုး သူတို ကစားနိုင်ပါတယ်။ ထိုနည်းတူ ထပ်မံ တိုးတက်လာဖိုလည်း လိုအပ်ပါတယ်။
ဂိုးပေါက်ခြိမ်းခြောက်မှု လျော့ကျနေပေမယ့် အသင်းတစ်သင်း အနေနဲ့တော့ တိုးတက်လာပါတယ်။ ကျွန်တော်တို ဘောလုံးပိုင်ဆိုင်မှု ယူထားနိုင်ပေမယ့် အန္တရာယ် မပေးနိုင်ဘူး ဖြစ်နေတယ်။ ကျွန်တော်တို အသင်းလိုက် အနေနဲ့ပဲ ပိုမို တိုးတက်အောင် လုပ်ဆောင်ရမှာပါ။ ဒါဆိုရင် သွင်းဂိုးတွေလည်း မြင်လာရပါမယ်။
ဟော့ဂျ်လန် နဲ့ ဇာ့ခ်ဇီတိုက ဂိုးတွေပိုသွင်းလာနိုင်မှာပါ။ အာမက် ကတော့ ဂိုးပေါက်နဲ့ နီးကပ်တဲ့ဧရိယာတွေမှာ ပိုကောင်းအောင်လုပ်ပြနိုင်ဖိုလိုပါတယ်။ ဘရူနိုလည်း ထိုအတူပါပဲ။ သူ့ဆီက သွင်းဂိုးတွေ ပိုပြီး မြင်ချင်ပါတယ်။
ကျွန်တော်တိုဟာ ရက်ရှ်ဖိုကိုလည်း ကူညီပေးနိုင်ဖို အကောင်းဆုံးကြိုးစားသွားမှာပါ။ အထောင်တိုက်စစ်နေရာက သူ့အတွက် အကောင်းဆုံးတော့ မဟုတ်ပါဘူး။ တဖက်ခံစစ်ရဲ့ အတောင့်တင်းဆုံးကစားသမားနှစ်ဦးနဲ့ ထိပ်တိုက် ရင်ဆိုင်ရတာ သူ့အတွက် ခက်ခဲနေမှာပါ။
သူ့ အတွက် အကောင်းဆုံးအဖြေကို ရှာနိုင်ဖိုလိုပါတယ်။ သူကိုယ်တိုင်ကလည်း သူ့ရဲ့ အကောင်းဆုံးအခြေအနေကို ပြန်ရောက်ချင်တဲ့ စိတ် ပြင်းပြနေဖိုလိုပါတယ်။ ဒီလိုဆိုရင်တော့ အရင်က မားကပ်စ်လို ပုံစံကို ကျွန်တော်တို ပြန်မြင်ရမှာပါ။
အဆိုတော် Ed Sheeran နဲ့ ငြိတဲ့ အပေါ်?
အဲ့ဒါက ဘာမှမှ မဟုတ်တာ။ သာမန် အဖြစ်အပျက်ပဲလေ။ အကုန် အဆင်ပြေတာပဲ။ Pundit တစ်ယောက်ကို “Hello” လို နှုတ်ဆက်နည်းကားမျိုး သာမာန်အဖြစ်အပျက် တစ်ခုပါ။
မနက်ဖန်ပွဲအပေါ် Mind game လား။ မရှိပါဘူး။ အခုချိန်မှာ ပထမဆုံးနိုင်ပွဲရရှိဖိုပဲ အာရုံစိုက်ပြီး ပြင်ဆင်နေပါတယ်။ အိုးထရက်ဖို မှာ နိုင်ပွဲ ရယူလိုပါတယ်။
နိုင်ပွဲ တစ်ပွဲဟာ အများကြီး အထောက်အကူ ပြုပါတယ်။ ဘိုဒိုဂလင့် ကစားသမားတွေကိုရော၊ သူတို ဘယ်လို ကစားတတ်တယ်ဆိုတာရော ကျွန်တော်သိပါတယ်။ ကျွန်တော်တို ပြေးအား ကောင်းမှ ရမယ်။ သူတိုရဲ့ တောင်ပံတွေက ကစားသမားကောင်းတွေ ရှိနေတယ်။
ကျွန်တော့်က အသင်း တိုးတက်ရာတိုးတက်ကြောင်းကို လုပ်ဆောင်နေပါတယ်။ မနက်ဖန်ပွဲမှာလည်း အနိုင်ယူပြီး အားပေးသူတွေ ပျော်ရွှင်အောင် လုပ်ဆောင်ပေးချင်ပါတယ်။”
အမ်မိုရင်
Kendrix
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
YouTube (https://www.youtube.com/@TheUnitedShow)
Subscribe





