🎙️| “စိုးရိမ်ပူပန်မှုလား။ နည်းနည်းတော့ ရှိတယ်ပြောရမှာပါ၊ ကျွန်တော့်အတွက်သာမက ကျွန်တော့်ကစားသမားတွေအတွက်ရောပေါ့။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို တချိုအရာတွေကို ပြောင်းလဲထားလိုပါ။ ဒါပေမယ့်လည်း တနင်္ဂနွေနေ့မှာ သူတိုကို သက်တောင့်သက်သာ ရှိစေချင်တယ်။ ကျွန်တော့်ကစားသမားတွေ ပွဲအတွင်း ပျော်ရွှင်နေစေချင်တယ်၊ ဒါကြောင့် ကျွန်တော် နည်းနည်းတော့ စိုးရိမ်နေပေမယ့် တကယ်ကို စိတ်လှုပ်ရှားနေပါတယ်!
ဒဏ်ရာရ ကစားသမားတွေ ပြန်လာတာ အလွန်ကောင်းပါတယ်။ ဥပမာ လုခ်ရှောပေါ့။ သူ့ရဲ့ ကြံ့ခိုင်မှုကို ပွဲမတိုင်ခင် ဆက်လက်စစ်ဆေးသွားမှာဖြစ်ပြီး ဂရုတစိုက် ကိုင်တွယ်သွားမှာပါ။ သူက တကယ်ကောင်းတဲ့ ကစားသမားဖြစ်ပြီး သူ့ကို တစ်ပွဲမကဘူး၊ ပွဲများစွာအတွက် လိုအပ်ပါတယ်။
ဘရူနို စောစော ပြန်လာတဲ့ အပေါ်လား။ ကောင်းတာပေါ့။ အရမ်း အကျိုးပြုတဲ့ အဝါကတ်ပဲ။
အကယ်ဒမီ ကစားသမားလေးတွေ ခေါ်ပြီး လေ့ကျင့်စေရတဲ့ အကြောင်းကတော့ ဒီနေရာမှာ ဘယ်လိုဘယ်ပုံ ကြိုးစားရတယ်ဆိုတာ သိစေချင်လိုပါ။ နောက်လည်း မကြာခဏ ခေါ်ဦးမှာပါ။
ရက်ရှ်ဖိုကတော့ ကောင်းစွာ လေ့ကျင့်ထားပါတယ်။ သူက နေရာသုံးနေရာလောက် ကစားနိုင်ပါတယ်။ သူက တနင်္ဂနွေ နေ့အတွက် အဆင်သင့်ဖြစ်နေပါတယ်။
မက်ကန်နာက တော်တော် အထင်ကြီးဖွယ်ရာ နည်းပြမျိုးပါ။ တော့တင်ဟမ် နဲ့ပွဲမှာဆိုရင် သူ ပြောင်းလဲသုံးစွဲသွားတဲ့ နည်းဗျူဟာပိုင်းတွေက အတုယူဖွယ်၊ ချီးကျူးဖွယ်ပါ။ သူ ပြင်ဆင်လာမယ့်အရာတွေကို ထိန်းချုပ်သွားနိုင်ဖို ကျွန်တော်တို ကြိုးပမ်းရပါမယ်။”
ရူဘင်အမ်မိုရင်
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





