ယူနိုက်တက်က ပွဲထွက်နေရာအတွက် Left Back ကစားသမားတစ်ဦး ဝယ်ယူပြီးသည်နှင့် လုခ်ရှော သည် ဗဟိုခံစစ်နေရာတွင် သူ၏ တန်ဖိုးကို ပြန်လည် ပြသရမည်ဖြစ်သည်။
အမ်မိုရင်က ရှောကို သုံးယောက် ခံစစ်တန်းတွင် နေရာအသစ် ပေးအပ်ဖွယ်ရှိနေသည်။
အသင်းနှင့် ပတ်သက်သူများက အစ်ဆွစ်နှင့်ပွဲတွင် အရာအားလုံး အလုံးစုံပြောင်စလဲသွားမည်ဟု မျှော်လင့်မထားပေ။ တိကျသော Idea ပိုင်းနှင့် Identity တခု မြင်ခွင့်ရရန်သာ မျှော်မှန်းထားကြသည်။
ယခုရက်ပိုင်းအတွင်း ကစားသမားများ၏ ကွင်းပြင်ပ လူနေမှုပုံစံအပေါ် သတိပေးမှုများ ပြုလုပ်ထားကြောင်းလည်း သိရသည်။ အမ်မိုရင်က တန်ဟာ့ဂ်ကဲ့သိုပင် တင်းကြပ်သော စည်းမျဥ်းများနှင့် ကိုင်တွယ်မည်ဟု ယူဆရသည်။ သိုရာတွင် နှစ်လိုဖွယ်ကောင်းစွာ ပြောဆိုဆက်ဆံပြီး နားဝင်အောင် ပြောမည့်ပုံပေါ်သည်။
ခံစစ်ကစားသမားများ ဒဏ်ရာပြဿနာ ရင်ဆိုင်နေရသော်လည်း အမ်မိုရင်က သူအားသန်သော 3-4-3 ကစားကွက်ကိုပင် အသုံးပြုမည်ဖြစ်သည်။
Communication ပိုင်းသည် အမ်မိုရင်၏ အလွန်အားသာသော စွမ်းရည်တမျိုးဖြစ်သည်။ ကြာသပတေးနေ့က လေ့ကျင့်ရေးအပြီး Team Meeting လုပ်ရာတွင် အမ်မိုရင်က ကစားသမားများကို ပေါ်တူဂီလိုတမျိုး၊ အင်္ဂလိပ်လို တသွယ်၊ စပိန်လို တဖုံ ပေါ့ပါးစွာ ပြောဆိုနေသည်ကို တွေ့ခဲ့ရသည်။
via Rich Fay, Chris Wheeler
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





