ယူနိုက်တက်ကစားသမားများက အမ်မိုရင်မ် ရောက်လာပါကလည်း နစ္စတယ်ရွိင်း ကို အသင်းတွင် ဆက်လက်ရှိနေစေလိုသည်။ နစ္စတယ်ရွိင်း နှင့် ဆက်သွယ်စကားပြောကြားရခြင်းကို ကစားသမားများက နှစ်ခြိုက်သဘောကျသည်။
သူကိုယ်တိုင်နှင့် အသင်းဝန်ထမ်းများအပေါ် ကူညီဆက်ဆံပုံများကို သဘောကျသဖြင့် ယာယီနည်းပြရာထူး ပြီးလျှင်တောင် တနည်းနည်းဖြင့် အသင်းမှာဆက်ထားဖို ဆန္ဒရှိနေသည်။
နစ္စတယ်ရွိင်း အပြင် အသင်းနည်းပြအဖွဲဝင်တစ်ဦးဖြစ်သော ဒါရင်းဖလက်ချာကိုလည်း အသင်းတွင် ဆက်ထားလိုသည်။ ဖလက်ချာ၏ စွမ်းဆောင်မှုများက ထင်ပေါ်မနေသော်လည်း အလွန်အရေးပါသည်ဟုဆိုသည်။
အမ်မိုရင်မ်၏ နည်းပြအဖွဲဝင်များနှင့် ပတ်သက်၍မူ အပြီးသတ်ဆုံးဖြတ်ချက် ထွက်ပေါ်မလာသေးပေ။ အမ်မိုရင် ဘက်ကမူ သူ၏ နည်းပြအဖွဲဝင် ငါးဦးကို အပါခေါ်ယူလိုသည်။
via Skysports
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





