“ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ တလောကလုံး အဆိုးမြင်နေကြချိန်မှာတောင် သူတိုက အမြဲရပ်တည်ပေးတယ်။ ပထမပိုင်းအပြီး အကောင်းဆုံး ပြန်လည် ရုန်းထလာနိုင်တာ ပရိသတ်တွေရဲ့ အားပေးမှုကြောင့်ပါ။
ကျွန်တော့် အနာဂတ်အကြောင်း အမျိုးစုံရေးနေပြောနေကြပေမယ့် ကျွန်တော်တိုက လက်ရှိ ရလာဒ်တွေအပေါ်သာ အာရုံစိုက်ပါတယ်။ ကျွန်တော်ကိုယ်တိုင်ပြောရရင် ဒီအရာတွေကို ကိုင်တွယ် ဖြေရှင်းနိုင်ပါတယ်။ ကစားသမားတွေအနေနဲ့လည်း အသင်းစွမ်းဆောင်ရည်၊ Work ethic ရှိမှု တိုအပေါ် ပို အာရုံစိုက်ဖို လိုပါတယ်။
ပေးလိုက်ရတဲ့ ဂိုးအပေါ်လား။ ဒိုင်က ဘာလို အဓိက ကစားသမားတစ်ဦးကို ကွင်းထဲက ထုတ်လဲ နားမလည်ပါဘူး။ ဒီလစ်ရဲ့ ထိခိုက်မှုက အဲ့အချိန်မှာ သွေးအခြောက်ပါ။ ဒါကြောင့် ကွင်းဘေးစည်းပြန်သွားဖို သူ့ကို လွတ်လိုက်ချိန်မှာ ဘယ်သူမှ နားမလည်နိုင်ကြတာလေ။ ဒီလစ်လည်း ရှိမနေ၊ ဘရန့်ဖိုကလည်း တည်ကန်ဘောတွေကို အားပြုကစားတဲအသင်းဆိုတော့၊ ထောင့်ကန်ဘောတွေ အရမ်းတိကျတဲ့အသင်းဆိုတော့ အဲ့အခိုက်အတန့်က စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။
ကျွန်တော်တိုက ရလာဒ်တွေ ယိမ်းယိုင်ထားတာပါ။ အားလုံးကလည်း ဒါကို စိတ်ဆိုးနေကြတယ်။ ဒီ ဒေါသတွေကို လောင်စာဆီ အဖြစ် အသုံးချလိုက်တပါ။
ဘာပဲ ဖြစ်ဖြစ် ပျော်ပါတယ်။ မမျှတတဲ့ ဂိုးတစ်ဂိုး ပေးလိုက်ရပြီးရင် ဒါမျိုး ပြန်ကြိုးစားရမယ်။ ကျွန်တော်တိုရဲ့ ဒုတိယပိုင်း စွမ်းဆောင်မှုတွေအတွက်တော့ ပျော်ရွှင်မိပါတယ်။”
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





