အသင်းပူးတွဲပိုင်ရှင် Sir Jim Ratcliffe နှင့် Joel Glazer, ဘုတ်အဖွဲဝင် Sir Dave Brailsford နှင့် အားကစားဒါရိုက်တာ Dan Ashworth တိုသည် Knightsbridge ရှိ INEOS ရုံးခန်းတွင် တွေ့ဆုံခဲ့ကြပြီး တန်ဟက်၏ ရာထူးအပါအဝင် အခြားကိစ္စများကို ဆွေးနွေးခဲ့ကြသည်။ ဘဏ္ဍာရေးမှူး Roger Bell နှင့် Ineos sport အမှုဆောင်ချုပ် Jean-Claude Blanc တိုလည်း တက်ရောက်ခဲ့ပြီး အချိန် ၆ နာရီကြာ ဆွေးနွေးခဲ့ ကြသည်။
တန်ဟက်၏ အနာဂတ်နှင့် ပတ်သက်၍ အမြင်ကွဲလွဲမှုများ ရှိနေသလို ဆုံးဖြတ်ချက်ကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးပေ။ အင်္ဂါနေ့ည တွေ့ဆုံမှု အချက်အလက်အပြည့်အစုံကို ဆက်သွယ်မေးမြန်းသော်လည်း တိကျသော အဖြေ မရခဲ့ပေ။
သိုသော် ယူနိုက်တက်က တန်ဟက် ကို ထုတ်ပယ်ဖြစ်ပါက အစားထိုးနည်းပြများ ရှာဖွေလျက်ရှိပြီး တူချယ်လ်ကတော့ အဖြစ်နိုင်ဆုံးသော နည်းပြတွေထဲမှ တစ်ဦးဖြစ်သည်။
via MEN
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





