“မန်ချက်စတာယူနိုက်တက်ကို စီမံခန့်ခွဲနေတဲ့ ပုဂ္ဂိုလ်တွေဟာ ဇွန်၊ ဇူလိုင် လောက်မှာမှ အတူတူ စပြီး အလုပ်လုပ်ခဲ့ရတာပါ။ ဇန်နဝါရီ ဖေဖော်ဝါရီ မတ် ဧပြီလ လောက်တည်းက အတူ လက်တွဲခဲ့တာမျိုး မဟုတ်ပါဘူး။
Omar နဲ့ Dan Ashworth တိုဆို ဇူလိုင် မှ အသင်းကိုရောက်တာလေ။ ရက်သတ္တပတ်နဲ့တွက်ရင် အနည်းငယ်ပဲ ရှိသေးတယ်။ ဒါကြောင့် ကြီးမားတဲ့ ဆုံးဖြတ်ချက်တွေ ချဖိုဆိုရင် အချိန်တခုတော့ ယူရမှာပါ။
နည်းပြအပြောင်းအလဲနဲ့ဆိုင်တဲ့ မေးခွန်းကလေ။ ကျွန်တော်ဖြေလိုရတဲ့ အနေအထားမဟုတ်ပါဘူး။ ယူနိုက်တက်ကို ကိုင်တွယ်နေတဲ့ အဲ့ဒီ Management Team တစ်ခုလုံးနဲ့ ဆိုင်တာပေါ့နော်။
ကျွန်တော့်အနေနဲ့ပြောရရင်တော့ အဲရစ် က တော်တော်လေး ကောင်းတဲ့ နည်းပြတစ်ဦးလို မြင်ပါတယ်။ ဒါပေမယ့် ဒီမေးခွန်းက ကျွန်တော်နဲ့ဆိုင်တယ်ဆိုတာထက် အသင်းကို Run နေတဲ့ အဖွဲတစ်ဖွဲလုံးနဲ့ ဆိုင်ပါတယ်။
ကျွန်တော်တိုရည်မှန်းထားတဲ့ ပန်းတိုင်က ရှင်းပါတယ်။ မန်ချက်စတာယူနိုက်တက်ကို ရောက်သင့်တဲ့နေရာ ပြန်ရောက်အောင် ပြန်လည် တက်လှမ်းဖိုပါ။ အခုတော့ မရောက်သေးဘူးပေါ့လေ။ ဒါပေမယ့် ရောက်အောင်သွားမှာပါ။”
Sir Jim Ratcliffe
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
YouTube (https://www.youtube.com/@TheUnitedShow)
Subscribe





