“ကျွန်တော်တို ပွဲကို ကောင်းစွာ စတင်နိုင်ခဲ့တယ်။ သူတိုအခက်တွေ့အောင် လုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဘောလုံးရှိထားချိန်တွေမှာ ပိုကောင်းဖို လိုနေပါတယ်။ ခံစစ် ပိုတည်ငြိမ်ဖို လိုပါတယ်။
အရင်အပတ်တွေကပဲ ကျွန်တော်တို သုံးပွဲဆက် Clean Sheet ရခဲ့တာ။ ဒါမျိုး ကျစ်လျစ်တဲ့ ခံစစ်ဖြစ်အောင် ပြန်တည်ဆောက်ရဦးမယ်။
ကျွန်တော့်အသင်းကို အခု မဝေဖန်ပါနဲ့။ ရာသီကုန်မှ ဝေဖန်အကဲဖြတ်ပါ။ မနှစ်ကလည်း ကျွန်တော်ဒီလိုပဲ ပြောခဲ့တယ်နော်။ ကျွန်တော်တို ဆက်လက် ကြိုးစားသွားမယ်။
ရက်ဖိုကို လူစားလဲတာ Rotation ပါ။ တနင်္ဂနွေနေ့မှာ အလွန်ခက်ခဲဦးမယ့် နောက်ထပ် ပွဲတစ်ပွဲ ရှိတယ်လေ။ ဗီလာနဲ့ပွဲက မြန်လွန်းအားကြီးတယ်။ ဒါ့ကြောင့် ကစားသမားတွေ ကြံ့ခိုင်မှု ပြည့်ဝ နေဖို လိုတယ်လေ။”
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





