မေဆန်မောင့်က သူ၏ ခေါင်းမှဒဏ်ရာသည် အနည်းငယ် ထိခိုက်မိရုံသာ ဖြစ်ပြီး ဘာမှ စိုးရိမ်စရာမဟုတ်ကြောင်း၊ Message ပိုပြီး သတင်းမေးသူများအား ကျေးဇူးတင်ကြောင်း Instagram မှတဆင့် ပြောကြားခဲ့သည်။
ယူနိုက်တက်သည် အိုးထရက်ဖိုတွင် ပရီးမီးယားလိဂ် နှစ်ပွဲဆက်တိုက် သွင်းဂိုးမရရှိဘဲ ရှုံးနိမ့်သော နောက်ဆုံးအခေါက်တုန်းက နည်းပြ ကို ထုတ်ပယ်ခဲ့သည်။ ယခု ထိုကဲ့သိုနှစ်ပွဲဆက် ထပ်မံရှုံးနိမ့်ခဲ့ပြီဖြစ်သည်။
အဲရစ်တန်ဟက် သည် ယူနိုက်တက်ကို ကိုင်တွယ်စဥ် ပရီးမီးယားလိဂ် ပွဲစဥ်အားလုံး၏ 32% ကို ရှုံးနိမ့်ထားသည်။ 82 ပွဲကစား 26 ပွဲရှုံးထားသဖြင့် 1977က ဒိုချာတီ ပြီးလျှင် ပွဲ 50 အထက် ကိုင်တွယ်သောနည်းပြတွေထဲ အရှုးရာခိုင်နှုန်း အများဆုံးနည်းပြ ဖြစ်လာသည်။
ဆာအဲလက်စ်ဖာဂူဆန် ပွဲပေါင်း 1035 ပွဲ ကိုင်တွယ်ပြီး သုံးဂိုးရှုံးသောပွဲစဥ် 22 ပွဲ သာ ရှိသော်လည်းဆာအဲလက်စ် အနားယူပြီး ကစားသော 424 ပွဲတွင် 23 ပွဲထိ ရှိလာခဲ့ပြီဖြစ်သည်။
Pundit တစ်ဦးဖြစ်သူ Chris Sutton ရော၊ ယူနိုက်တက်ကစားသမားဟောင်း Robbie Savage ရောက တန်ဟက် အထုတ်ခံရနိုင်ကြောင်း၊ အထုတ်ခံရသင့်ပြီဖြစ်ကြောင်း သုံးသပ်သွားသည်။
ကူလူဆက်ဗ်စကီး သည် အခွင့်အရေး ကိုးကြိမ်ဖန်တီးနိုင်ခဲ့သဖြင့် ၂၀၀၃-၀၄ နောက်ပိုင်း အိုးထရက်ဖို ကို လာကစားသော ဧည့်သည်အသင်းဘက်မှ အခွင့်ရေးအများဆုံး ဖန်တီးနိုင်သော ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ယနေ့တိုက်ရိုက်အနီကတ်ကြောင့် ဘရူနိူသည် ဗီလာ ဘရန့်ဖို ဝက်စ်ဟမ်းတိုနှင့် ပွဲစဥ်များကို လွဲချော်မည်ဖြစ်သည်။
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





