“ကျွန်တော်ပွဲမစခင်တည်းက ပြောပြီးသားပါ။ ဒီနေ့ပွဲက ဆင်ခြေ ပေးလို မရပါဘူး။ ကစားသမားတွေ စုံလင်နေတယ်လို ပြောနိုင်တဲ့ ပွဲမျိုးပါ။ စကားထဲ ထည့်ပြောချင်ရင် လုရှော လောက်ပဲ မပါနိုင်သေးတာ။ ကျန် ကစားသမားအတော်များများက ပွဲထွက် သိုမဟုတ် အရံမှာ ရှိနေပါတယ်။
ပထမပိုင်း ကစားပုံမှာကတည်းက တွေ့ရတာက ယူနိုက်တက် ကစားပုံဟာ ထရက်ဖို ပန်းခြံနားက အပျော် ကစားနေတဲ့ အသင်းငယ်တွေ သာသာ ပါ။ သူတိုကစားနေတာတောင် ပိုကောင်းချင်ကောင်းဦးမယ်။ မန်ချက်စတာယူနိုက်တက် ဟာ အရက်ဆိုင်က အသင်းလို ကစားသွားပါတယ်။
ဒီနေ့ပွဲက အဆိုးဆုံး စွမ်းဆောင်ရည် မြင်ရတဲ့ ပွဲတွေထဲက တစ်ပွဲ ပါပဲ။ တော်တော်ကြီးကို ဆိုးပါတယ်။ အားထုတ်မှုရော အရည်အသွေးရော ဘယ်မှာလဲ လို မေးရလောက်အောင်ပါပဲ။
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





