“ဒီနေ့ကျွန်တော်တို ကစားသွားတာ ပြိုင်ဆိုင်လိုစိတ် အပြည့်အဝ မြင်ရပါတယ်။ ဒါက အရေးကြီးပါတယ်။
နည်းစနစ်ပိုင်းတွေကို ခဏထား။ တိုက်ပွဲဝင်စိတ်အပြည့် နဲ့ ကစားဖိုက ယူနိုက်တက်အတွက် အရေးကြီးဆုံးအရာပါ။ ဒီလို စိတ်နဲ့ ကစားနိုင်ပြီဆိုမှ နည်းစနစ်ပိုင်းဆိုင်ရာတွေကို ဆက်ပြောရမယ်။ အရင်နေ့တွေက ကွင်းထဲ အခါခါ လဲပြိုခဲ့တဲ့ ပုံစံမျိုးမဟုတ်ဘဲ ဒီနေ့မှာတော့ မတူခြားနားတဲ့ အသင်း ဖြစ်ခဲ့ပါတယ်။
ကျွန်တော်တိုတွေ System အကြောင်းကို ဆွေးနွေးနေကြပေမယ့် ဒါဟာ ခက်ခဲတဲ့ကိစ္စ မဟုတ်ပါဘူး။ System နဲ့ ပတ်သက်တာ မဟုတ်ဘဲ စိတ်ဓာတ်ပိုင်းဆိုင်ရာ နဲ့ ပတ်သက်တာပါ။ ဒီနေ့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ဆိုတာ မှန်ပေမယ့် ပြီးခဲ့တဲ့ပွဲတွေနဲ့ ပတ်သက်လို ကတော့ ကျွန်တော့်ရဲ့ ကစားသမားတွေကို ဒေါသ မထွက်ဘဲ နေနိုင်ဖို ခက်နေပါသေးတယ်။ ကျွန်တော်တိုက ဒီနေ့လိုပဲ ပွဲတိုင်းမှာ ကစားနိုင်ရမှာပါ။
ကျွန်တော်တို အထူးအာရုံစိုက်ပြီး ဘောလုံးတိုင်းကို ကိုယ့်ဘက်က ရနိုင်ဖို ကြိုးစားနေရင် ပင်ပန်းမှုတွေ၊ စတေးရတာတွေတော့ ရှိမှာပါပဲ။ ဒါပေမယ့် ကျွန်တော်တို လုပ်ရမှာပဲလေ။ ဒီလိုအသင်းမှာ ဒီလို မကစားနိူင်ရင် ရှုးပွဲတွေပဲ ကြုံနေရမှာပါ။
Character ပိုင်းကလည်း အရေးကြီးပါတယ်။ တစုံတယောက်ကများ ပင်ကိုယ်စွမ်းရည်ကောင်းပေမယ့် Character ပိုင်း အားနည်းနေတယ်ဆိုရင် အဆင်ပြေပါ့မလား။ ဒါဟာ ပြဿနာဖြစ်လာမယ်။ ဒါကို ပြောင်းလဲရမယ်လေ။
ကွင်းထဲက ပရိသတ်တွေရော၊ TV ရှေ့က ပရိသတ်တွေရော ဒီနေ့ ကျွန်တော်တို ရဲရဲဝံ့ဝံ့ ကစားခဲ့တယ်ဆိုတာ မြင်မှာပါ။ ကျွန်တော်တို ပွဲကို နားလည်ခဲ့တယ်။ တခါတရံ ကျွန်တော်တို ခံစစ်ကစားတယ်။ တခါတရံ လီဗာပူးကို သူတို ဧရိယာဘက် ပြန်ပိုထားနိုင်တယ်။
ဘယ်ဘက်ခြမ်း အားနည်းနေတဲ့ အပေါ်လား။ ကျွန်တော်တိုမှာ ကစားသမားကောင်းတွေ ရှိပြီး ပွဲတစ်ပွဲချင်း ဘယ်လို အသုံးပြုရမလဲဆိုတာပဲ အဖြေရှာရမှာပါ။ ဒါလော့က မြန်တယ်။ ဘရူနိုက အရည်အသွေးရှိတယ်။ သူတိုဒီနေ့ ကောင်းကောင်း ကစားနိုင်ခဲ့တယ်လေ။
Big Chance လွဲချော်မှုတွေ အပေါ်.. ကျွန်တော့်အတွက်တော့ ဘောလုံးမှာ အပိုင်အခွင့်ရေး လွဲချော်မှု တွေက အရေးအကြီးဆုံး အရာ မဟုတ်ပါဘူး။ ဟယ်ရီ (မက်ဂွိင်းယား) ဟာ ကွင်းထဲမှာ သူ့ရှိသမျှ အကုန်ပေးအပ် ကစားခဲ့ပါတယ်။ ဒါက အရေးအကြီးဆုံးပါ။”
အားပေးခဲ့တဲ့မိတ်ဆွေတွေအားလုံး ကျေးဇူးပါ။
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow





