“ထိပ်တန်းအသင်းကြီး တသင်းအနေနဲ့ အသင်းမှာ ဦးဆောင်နိုင်စွမ်း မြင့်မားတဲ့ ကစားသမားတွေ ရှိဖိုလိုပါတယ်။ ကျွန်တော်တိုဆီ အခုလည်း မရှိဘူးလားဆိုတော့ မဟုတ်ဘူး၊ ရှိပါတယ်။ ဒါပေမယ့် သူတို သက်သေပြရပါမယ်။ လူငယ်လေးတွေကို လက်တွဲခေါ်ဖို အတွေ့အကြုံရင့် ကစားသမားတွေ ကိုယ်တိုင်က အသင့်ဖြစ်နေဖို လိုအပ်တယ်။
ကျွန်တော်တို တစ်သင်းလုံး ပိုပြီး လေ့ကျင့်ချိန်တချို ရရှိထားပါတယ်။ နှစ်ရက်ဆက်တိုက် အသင်းလိုက် လေ့ကျင့်ချိန် ရရှိထားခြင်းက ကျွန်တော်တိုကို ကူညီနိုင်မယ်လို ထင်ပါတယ်။ သေချာတာက ဒါဟာ ခက်ခဲတဲ့အချိန်ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို ရှုးပွဲတွေ အရမ်းများနေချိန်မှာ ဒီနှစ်ရဲ့ အကောင်းဆုံးအသင်းကို ယှဉ်ပြိုင်ရမှာပါ။ ဒါပေမယ့် ကျွန်တော်ပြောခဲ့သလိုပဲ လေ့ကျင့်ချိန် ပိုမိုရရှိလာတာနဲ့အတူ နောက်ဆုံးပွဲကစားခဲ့တာထက် စွမ်းဆောင်ရည် ပိုကောင်းအောင်လုပ်နိုင်ဖို မျှော်လင့်ထားပါတယ်။
အပြောင်းအရွှေ့စျေးကွက် အပေါ်မှာလား။ ကျွန်တော်တို တခုခု ရအောင် လုပ်ဆောင်ဖို တော့ မျှော်လင့်ထားပါတယ်။
မက်ဂွိင်းယား နဲ့ပတ်သက်လိုက ကျွန်တော် ဒီနေ့မနက် သူ့နဲ့ စကားပြောခဲ့ပါတယ်။ သူ့ကို ကွင်းတွင်း စွမ်းဆောင်ရည် ပိုမိုတိုးတက်ဖို လိုအပ်တယ်လို ပြောခဲ့ပါတယ်။ ကျွန်တော်တို သူ့ကို လိုအပ်ပါတယ်။ သူဟာ ခေါင်းဆောင်တစ်ယောက်အနေနဲ့လည်း တိုးတက်လာရမှာပါ။
ကျွန်တော်တိုအားလုံး သူရင်ဆိုင်ခဲ့ရတဲ့ ခက်ခဲတဲ့ အခြေအနေကို သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို သူ့ကို ခုချိန်မှာ လိုအပ်နေပါတယ်။ ပြီးတော့ ကျွန်တော်တို သူ့အတွက် စာချုပ်သက်တမ်း တနှစ်တိုးခွင့်ကို အသက်သွင်းသွားမှာပါ။ ကျွန်တော်တို ကွင်းထဲမှာ ခေါင်းဆောင်တွေ လိုအပ်နေပြီး သူဟာ ခေါင်းဆောင်တစ်ယောက်ဖြစ်နေတယ်လေ။
ဇာ့ခ်ဇီး ကြုံတွေ့နေရတာတွေက ဘယ်ကစားသမားအတွက်မဆို ခက်ခဲမှာပါ။ ဒါပေမယ့် ဒါဟာ ဘောလုံးရဲ့ အစိတ်အပိုင်းတစ်ခုဆိုတာ သူတို နားလည်ပါတယ်။ သူက အာရုံစူးစိုက်မှု အပြည့်နဲ့ အလွန်ကောင်းစွာ လေ့ကျင့်နေပါတယ်။ ကစားသမားတွေဟာ တစ်ခါတစ်ရံ ယုံကြည်မှု ကျဆင်းပြီး ခက်ခဲတဲ့အချိန်တွေကို ဖြတ်သန်းကြတယ်ဆိုတာ နားလည်ရမှာပါ။
လေ့ကျင့်ရေးကွင်းမှာ ဘာတွေ လေ့ကျင့်နေကြတာလဲ ဆိုတော့ အရာအားလုံးပါပဲ။ အဲ့ထဲက တချက်က Transition ပေါ့။ နောက်ပြီး Possession ပေါ့။ ဖြတ်တင်ဘော အားနည်းတာတွေကိုလည်း ပြုပြင်နေတယ်။ Set Piece ကိုလည်း ပြင်ဆင်တယ်။ တခုတည်းကို အလေးထားပြင်ဆင်ဖို မလွယ်တာမို ခေါင်းစဥ်တော်တော်များများကို ကျွန်တော်တို လေ့ကျင့်ပြင်ဆင်နေရပါတယ်။
အန်ဖီးလ်မှာ အခွင့်အရေးနည်းနေပြီလားဆိုတော့ ကျွန်တော်တိုရဲ့ဘောလုံးမှာ ဘာမဆို ဖြစ်နိုင်ပါတယ်။ လက်ရှိအချိန်မှာ သူတိုက ကျွန်တော်တိုထက် ပိုကောင်းတာမှန်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို အသင်းကလည်း ဘယ်ပွဲကိုမဆို အနိုင်ယူနိုင်စွမ်း ရှိပါသေးတယ်။ ကျွန်တော်တို အာရုံစိုက်ရမှာက ဖြစ်နိုင်ချေတွေကို မဟုတ်ပဲ စွမ်းဆောင်ရည်ကိုပါ။”
အားပေးခဲ့တဲ့မိတ်ဆွေတွေအားလုံး ကျေးဇူးပါ။
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow





