“အခက်တွေ့ခဲ့တဲ့ပွဲပါ။ ဒါပေမယ့်လည်း ရလာဒ်ကို လက်ခံရပါမယ်။ ကျွန်တော်တို ပထမပိုင်းကို ထိန်းချုပ်ထားနိုင်ခဲ့တယ်။ ဒါပေမယ့် လိုနေတဲ့သွင်းဂိုးတော့ မရခဲ့ဘူး။
ဒုတိယပိုင်းအစမှာ ၇ မိနစ်လောက် ပွဲထဲကနေ ပျောက်သလို ဖြစ်သွားတယ်။ အဲ့အချိန်တွေမှာ အသင်းက မကောင်းဘူး။ဘောလုံးတွေ အများကြီး ဆုံးရှုးခဲ့တယ်။
အဲ့ဒီနောက်မှာတော့ ကျွန်တော့် ကောင်လေးတွေက အံ့သြစရာကောင်းတယ်။ ပရိသတ်တွေရဲ့ အားပေးထောက်ပံ့မှုနဲ့အတူ သူတို တုံပြန်မှုတခု ပြနိုင်ခဲ့တယ်။ ပထမဂိုးအပြီးမှာ သူတို ယုံကြည်မှု တကယ် မြင့်မားခဲ့တယ်။ သရေ ရဖို တကယ်နီးစပ်ခဲ့ပါတယ်။
လင်ဒီလော့ဖ် အခြေနေကိုတော့ စောင့် ကြည့်ရမယ်။ ကစားသမားတစ်ယောက် ဒဏ်ရာကြောင့် ဆုံးရှုးရတာ ခက်ခဲပါတယ်။ သူတို ကြိုးစားကြပါတယ်။ သူတို ပြန်လာချင်နေတယ်။ လုခ်၊ မေဆင် မောင့်နဲ့ ဗစ်တာ တိုအားလုံး အတူတူပါပဲ။ သူတို ဒဏ်ရာရနေတယ်။ လေ့ကျင့်ဖို အချိန်မရှိဘူး။ ပွဲစဉ်တွေကတော့ ပြင်ဆင်ဖို ဆက်တိုက် ရှိနေတယ်။ ကျွန်တော်တို အားလုံးစုပေါင်းပြီး အသင်းမှာ လူအင်အားပြည့်စုံနေဖို ကြိုးစားမှာပါ။ ဘာကြောင့်လဲဆိုတော့ ဒီလိုပွဲစဉ်ဇယားနဲ့ဆိုရင် ဒဏ်ရာကင်းစင်နေဖို လိုအပ်လိုပါ။
ပွဲကတော့ တစ်ပွဲလုံး အကောင်းဆုံး မဟုတ်ပေမယ့် ပွဲချိန် အများစုမှာ ကျွန်တော်တိုက ပိုကောင်းခဲ့ပါတယ်။ ဒိုင်လူကြိး နဲ့ ပတ်သက်လိုလား။ ကျွန်တော် ဒိုင်တွေ အကြောင်း မပြောပါဘူး။ တတ်နိုင်သမျှ ဒီလို မပြောဘဲနေဖို ကြိုးစားမှာပါ။
အခုဆိုရင် အားလုံး မြင်တဲ့အတိုင်း အသင်းဟာ တချိုအရာတွေကို ပိုကောင်းအောင် လုပ်ဆောင်နေပါတယ်။ သူတို ပွဲစဉ်ကို ပိုပြီးကောင်းကောင်း နားလည်လာပါတယ်။ ကြံ့ခိုင်မှုပိုင်းလည်း ပိုကောင်းလာပါတယ်။ တကယ်တော့ ကျွန်တော်တို ဒီည ပိုကောင်းတဲ့ ရလာဒ်တခုရဖို ထိုက်တန်ပါတယ်။ နောက်ပွဲတွေကို ဆက်ကစားကြရအောင်ဗျာ။”
အမ်မိုရင်
အားပေးခဲ့တဲ့မိတ်ဆွေတွေအားလုံး ကျေးဇူးပါ။
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
YouTube (https://www.youtube.com/@TheUnitedShow)
Subscribe





