“ကျွန်တော်တို လေ့ကျင့်ရေး အစီအစဥ်တွေက စွမ်းဆောင်ရည်၊ ပွဲအတွင်းစွမ်းဆောင်ရည်၊ အသင်းဖော်တွေနဲ့ Commitment ရှိမှု၊ အသင်းဖော်တွေကို တွန်းအားပေးနိုင်မှု စသဖြင့် စွမ်းဆောင်ရည် အားလုံးအပေါ် သုံးသပ်ပြီးမှ ရွေးချယ်တာပါ။
ကျွန်တော်တို ခွဲခြမ်းစိတ်ဖြာပြီး ကစားသမားတွေကို ရွေးချယ်တဲ့အခါ စဥ်းစားသင့်တဲ့ အရာအားလုံးကို ထည့်သွင်းစဉ်းစားပါတယ်။ ဒါက ရွေးချယ်မှုတစ်ခုပါပဲ။ ကစားသမားတွေလည်း နားလည်ပါတယ်။
ဒီက ကစားသမားတွေက တကယ် ဉာဏ်ရည်မြင့်မားပါတယ်။ လူတိုင်းက ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်ကို နားလည်ပြီးသားပါ။ ကျွန်တော် ရွေးချယ်ရမယ်။ ဒါကြောင့် ရွေးချယ်လိုက်တယ်။ ရိုးရိုးလေးပါပဲ။
ကစားသမားတွေ ဘယ်လိုပြင်ဆင်တယ်၊ ဘယ်လို စားသောက်တယ်၊ ဘယ်လို ဝတ်ဆင်တယ်က အစ ကျွန်တော် လေ့လာသိရှိထားပါတယ်။ ရွေးစရာအများကြီးထဲကမှ ကျွန်တော် မြင်တဲ့အတိုင်း အကောင်းဆုံးဖြစ်အောင် ရွေးချယ်သွားမှာပါ။
(ရက်ရှ်ဖို နဲ့ ဂါနာချို က) ဒီဆုံးဖြတ်ချက်ကို မနေ့က လေ့ကျင့်ခန်းတွေ ပြီးတည်းက WhatsAppကနေ လှမ်းပြောလိုက်လို သိပြီးပါပြီ။ သူတို နားလည်တယ်၊ လက်ခံတယ်။ ဒီမနက်လည်း Training လာဆင်းကြတယ် ဆိုတော့ အဆင်ပြေပါတယ်။ သူတို ဒီမနက်မှာ အရမ်းကောင်းစွာ လေ့ကျင့်ခဲ့ပါတယ်။”
အမ်မိုရင်
Kendrix
အားပေးခဲ့တဲ့မိတ်ဆွေတွေအားလုံး ကျေးဇူးပါ။
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





