“မန်စီတီး ခြေကျနေလို ရင်ဆိုင်ဖို အချိန်ကောင်းလား ဆိုတော့ ကျွန်တော် ဒါမျိုးဘယ်တော့မှ မစဉ်းစားပါဘူး။ ကျွန်တော်တိုဟာ ကောင်းမွန်တဲ့ ပြိုင်ဘက်နဲ့ ရင်ဆိုင်ရမှာပါ။ သူတိုရဲ့ ပြဿနာထက် ကျွန်တော်တိုရဲ့ ပြဿနာတွေကို ပိုအာရုံစိုက်နေတာပါ။ ကျွန်တော်တိုမှာလည်း ပြဿနာတွေ အများကြီးရှိတယ်။ ဒါကြောင့် တနင်္ဂနွေနေ့မှာ ပွဲကို အနိုင်ရဖို ကျွန်တော်တို ဘာလုပ်သင့်တယ်ဆိုတာကို ပိုအာရုံစိုက်နေတယ်။ ကိုယ့် အသင်းအပေါ်ကိုပဲ အာရုံစူးစိုက်ထားပါတယ်။
အသင်းလူစာရင်းနဲ့ ပတ်သက်လို တော့ လူစုံပါလာမှာပါ။ အီဗန်လည်း လေ့ကျင့်ခန်း ဆင်းနေပါပြီ။
ပြေးလွှားပုံတွေနဲ့ပတ်သက်လို ထပ်မံပြင်ဆင်ထားပါတယ်။ ကျွန်တော်တို Box ထဲ ဘောလုံးလာနေရင် ဘယ်လို နေရာယူရမယ်ဆိုတာမျိုးလည်း လေ့ကျင့်နေပါတယ်။
မန်စီတီး မန်နေဂျာ ရာထူးလား။ အိုး… တခါမှ တခါမှ စကားမပြောခဲ့ဖူးပါဘူး။ ယူနိုက်တက် က ကျွန်တော့်ရဲ့ တခုတည်းသော ဦးတည်ရာပါ။ ယူနိုက်တက်က ကမ်းလှမ်းလာတော့ ကျွန်တော်လည်း လက်မခံစရာ အကြောင်းမရှိပါဘူး။ ဗီယာနာ နဲ့ ရင်းနှီးမှုကြောင့် မန်စီတီးနဲ့ သတင်းတွေ ရေးကြတယ်ဆိုပေမယ့် ကျွန်တော့်မှာ အဲ့ကိစ္စနဲ့ ချိတ်ဆက်မှု ဘာမှ မရှိပါဘူး။
ဒါဘီပွဲနဲ့ ပတ်သက်လိုတော့ ကျွန်တော် အသေးစိတ်အချက်အလက်တွေကအစ အာရုံစိုက်နေပါတယ်။ ကျွန်တော် ဒီအသင်းကို တကယ် တိုးတက်စေချင်တယ်။ တကယ်တော့ ဒါဟာ ပုံမှန် ဒါဘီပွဲထက် ပိုကြီးကျယ်သင့်ပါတယ်။ ဒါဟာ ချန်ပီယံဆုအတွက် ယှဉ်ပြိုင်နေတဲ့ နှစ်သင်း ထိပ်တိုက် တွေ့နည်းကားမျိုး ဖြစ်သင့်တယ်။ ဒါပေမယ့် အခုအချိန်မှာတော့ အဲ့ဒီလိုမဖြစ်မနေသေးပါဘူး။
မန်စီတီးလို အသင်းမျိုးက ဘယ်လို အခြေနေ မကောင်းခဲ့ပါစေ၊ အချိန်မရွေး ပြန်လာနိုင်တဲ့ အသင်းမျိုးပါ။ ကျွန်တော်တိုထက်လည်း အမှတ်ပေးဇယား ရပ်တည်မှု ပိုမြင့်နေဆဲ ဖြစ်သလို ပွဲကို နားလည်နိုင်စွမ်းလည်း ပိုမြင့်ပါတယ်။ ကျွန်တော်တို အနေနဲ့တော့ ကိုယ့်အသင်းအတွက်ပဲ ကိုယ်အကောင်းဆုံး ပြင်လာရပါမယ်။
အိုနာနာနဲ့ ပတ်သက်လိုကတော့ ဖြစ်လာတာကို အရှိအတိုင်း လက်ခံရမှာပါ။ အခုပွဲက အဖြစ်အပျက်မျိုး အရင်ကလည်း ကြုံခဲ့ဖူးတယ်ဆိုတော့ အဲ့ဒီအပေါ် ကိုင်တွယ် ဖြေရှင်းရမှာပါ။ ဂိုးသမားနဲ့ Build up တည်ဖို အကြိမ်ပေါင်းများစွာ ကျွန်တော်တို ကြိုးစားခဲ့တာ မြင်မှာပါ။ ကံမကောင်းတဲ့ အခိုက်အတန့်မှာတော့ ဒီလစ် ဆီ တွဲကစားတာ အချိတ်အဆက် လွဲချော်သွားခဲ့တယ်။ အဲ့ဒီဂိုးက ပေးဆပ်မှု ကြီးမားပေမယ့် နော်တင်ဟမ်နဲ့ပွဲကလိုမဟုတ်ဘဲ အခုပွဲမှာတော့ ပြန်လည် အဖက်ဆည်နိုင်ခဲ့တယ်။ ပြောရရင်တော့ ကျွန်တော်တိုကို ဟိုးအရင်ပွဲတွေမှာ အိုနာနာ ကယ်တင်ခဲ့သလို အခုတော့ သူ့ကို ပြန်ကူညီပေးနိုင်ခဲ့ပါတယ်။
မန်စီးတီးကွင်းမှာ သွားကစားရမယ့်အပေါ်တော့ ကောင်းမွန်တဲ့ ပြိုင်ဘက်နဲ့ နောက်ထပ်တစ်ပွဲပဲလို မြင်ပါတယ်။ နှစ်သင်းလုံးဟာ လက်ရှိအချိန်မှာ ခက်ခဲနေတယ်။ အနာဂတ်မှာတော့ ဒါဘီရဲ့ စစ်မှန်တဲ့ခံစားချက်ကို ခံစားနိုင်မယ်လို မျှော်လင့်တယ်။ ချန်ပီယံဆုအတွက် အကျိုးသက်ရောက်မှုရှိမယ့်ပွဲမျိုး အနေနဲ့ပေါ့။ လတ်တလောကျွန်တော့်ရဲ့ ပန်းတိုင်ကတော့ အခုအချိန်မှာ အသင်းကို တိုးတက်အောင်လုပ်ဖိုနဲ့ ပွဲတွေကို အနိုင်ရဖိုပါ။ ဒါကြောင့် ကျွန်တော်တို ဒီပွဲကို အနိုင်ရဖို ကြိုးစားသွားပါမယ်။”
အမ်မိုရင်
Kendrix
အားပေးခဲ့တဲ့မိတ်ဆွေတွေအားလုံး ကျေးဇူးပါ။
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





